HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီတပ်သား၂ ဦး ဖမ်းမိတဲ့သတင်းအပေါ် တပ်ထောက်ခံသူတွေ သတင်းအမှားဖြန့်

ကယားပြည်နယ် ဒီမော့ဆိုမှာ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး အရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီထောက်ခံသူတွေဘက်က အွန်လိုင်းပေါ်မှာ လုပ်ကြံရေးသား ဝါဒဖြန့်မှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 12 March 2022 9:50 AM IST

ဒီဝါဒဖြန့်ဝေမှုကို Ye Wint Phyo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်‌ပြီး ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းမှာလည်း ဆက်လက်ဖြန့်ဝေနေပါတယ်။

ဖြန့်ဝေရာမှာ "ကျောက်ဆည်ကန်တိုက်ပွဲမှာ တပ်မ ၆၆ လက်အောက်ခံ တပ်က စစ်သည်နှစ်ဦး ရန်သူဘက်က အရှင်ဖမ်းဆီးသွားတဲ့ပုံနဲ့ ဗွီဒီယိုဖိုင်သေချာကြည့်ရာမှာ အဖမ်းခံထားရတဲ့ စစ်သည်နှစ်ဦး ပုံစံ ဟန်ဆောင်ခိုင်းပြီး အချင်းချင်းပြန်ရိုက်တင်ထားတဲ့ အတုသာဖြစ်ကြောင်း၊ ဖမ်းဆီးရမိထားတဲ့ပုံအရ တစ်ယောက်မှာ ပြောက်ကျားယူနီဖောင်းနဲ့ ဝတ်စုံပြည့် ဝတ်ဆင်ထားပေမယ့် လက်နက်တွေက ကျည်ဘောက်တွေ မပါကြောင်း၊ နောက်တစ်ဦးမှာလည်း အပေါ်ပိုင်းမှာ ပျောက်ကျားအင်္ကျီဝတ်ပေးထားပေမယ့် အောက်မှာအရပ်ဘောင်းဘီဖြစ်နေကြောင်း၊ တိုက်ပွဲမှာ အခုလိုအရှင်အဖမ်းခံရပါက တပ်မတော်စစ်ကြောင်းက နောက်က တောက်လျောက်လိုက်ပစ်မှာဖြစ်ကြောင်းနဲ့ Video နဲ့ရိုက်ပြပြီး ကျည်ဆံဘိုးဆိုကာ အလှူခံစားဘို့နဲ့ လူတွေ အားတက်အောင် စိတ်ဓါတ်စစ်ဆင်ရေး လုပ်သွားတာသာဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ကျောက်ဆည်ကန်အနီး မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၅၀ ကျော်ကသေဆုံးကာ ၂ ဦးကိုအရှင်ဖမ်းမိခဲ့ပြီး လက်နက် အများအပြား သိမ်းဆည်းရမိတယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ခဲ့ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။


The Irrawaddy သတင်းဌာနမှာ မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းမှာ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ မေးမြန်းထားမှုပါဝင်ပါတယ်။ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Myanmar Now သတင်းဌာနမှာ မတ်လ ၆ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းမှာလည်း စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရထားတဲ့ ရုပ်သံဖိုင်ကို ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories