သတင်းအတု

စည်သူမောင် ဘဏ်အကောင့်ထဲ တူရကီဘက်က သိန်းသောင်းချီ ဝင်တယ်ဆိုတဲ့သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD ကိုယ်စားလှယ် ကိုစည်သူမောင် ရဲ့ ဘဏ်အကောင့်ထဲမှာ တူရကီက ပိုက်ဆံ သိန်းပေါင်း သောင်းချီ ဝင်နေတယ် ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 19 May 2021 6:44 AM IST

စည်သူမောင် ဘဏ်အကောင့်ထဲ တူရကီဘက်က သိန်းသောင်းချီ ဝင်တယ်ဆိုတဲ့သတင်းအတု

အဆိုပါ သတင်းအမှားကို Myo Chit ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၁၅ ရက်နေ့ ၁၂ နာရီ ၅၂ မိနစ်မှာ ရေးသားထားတာ ဖြစ်ပြီး ၎င်း သတင်းအမှားထဲမှာ "စည်သူမောင်ဘဏ်အကောင့် မြန်မာငွေသိန်းရှစ်သောင်း US1.2..သန်း.တူရကီဘက်ကဝင်" လို့ ရေးသားထားပါတယ်။

နောက်ထပ် Bokhant Bokhant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကလည်း ၂ နာရီ ၈ မိနစ်မှာ ပြန်လည်ကူးတင်ထားသလို တခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ပြန်လည် ကူးယူဖော်ပြနေကြပါတယ်။

မူရင်း ဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ကိုစည်သူမောင် ဘဏ်အကောင့်ထဲ တူရကီဘက်ကနေ သိန်းသောင်းချီ ဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ကိုစည်သူမောင် ထံကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ကိုစည်သူမောင်က "ဟိုးအရင် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကျွန်တော့်ကို ဘကကျောင်းတွေ ဖျက်ဖို့ လုပ်တဲ့သူဆိုပြီး သတင်းအမှားတွေ ဖြန့်လာတာပဲ။ ရွေးကောက်ပွဲ ကာလတစ်လျှောက်လည်း သတင်းအမှားတွေနဲ့ တိုက်ခိုက်ခဲ့တာပဲ။ အာဏာသိမ်းပြီးချိန်ကနေ ခုထိ ကျွန်တော့်အပေါ် သတင်းအမှားတွေ ဖြန့်နေတုန်းပဲ။ ဒါတွေကအခြေအမြစ် မရှိတဲ့ သတင်းအမှားတွေပါ။" လို့ ဆိုပါတယ်။

ဒီလိုသတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံတဲ့ အကြောင်းအရာတွေ ရေးသားဖော်ပြနေတာကို တွေ့ရပြီး CRPH ၊ NUG နဲ့ NLD ပါတီဝင်တွေ ဒီမိုကရေစီအရေး လိုလားသူတွေကို တိုက်ခိုက်ပြီး သတင်းအမှားဆက်တိုက်ဖြန့်နေတဲ့ အကောင့်တွေ ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories