HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီရဲ့ နေဝင်ချိန်ကို အပြတ်ကြေညာလိုက်ပြီဆိုတဲ့ သတင်းအတု

အာဏာသိမ်း စစ်ကောင်စီတပ်တွေ ပျက်သုဉ်းမယ့်အချိန်ကို အပြတ်ကြေညာလိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 July 2023 6:48 PM IST

အဆိုပါ သတင်းအတုကို New Viral Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၁၉ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ အမေရိကန် သမ္မတဓါတ်ပုံရယ်၊ တရုတ်ခေါင်းဆောင်နဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေနဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၈ ရက်နေ့ မွန်းတည့် ၁၁ နာရီ အထူးသတင်း၊ မအလရဲ့ နေဝင်ချိန် အပြတ်ကြေညာပြီ။ စစ်အုပ်စု ရှေ့တိုးမရ ဖြစ်သွားပြီ။ ပြည်သူများ ကခုန်လို့ ရပြီဟေ့….” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို ဖြန့်ဝေရာမှာလည်း အဆိုပါ ခေါင်းစဉ်အတိုင်း ထပ်မံရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

ဒီ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်အုပ်စု ပျက်သုဉ်းမယ့်အချိန်ကို အပြတ်ကြေညာလိုက်လို့ ၎င်းတို့ ရှေ့ဆက်တိုးလို့ မရတော့တဲ့အခြေအနေ ရောက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်အုပ်စု ပျက်သုဉ်းမယ့်အချိန်ကို မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံကမှ အပြတ်ကြေညာနိုင်ခြင်း မရှိပါဘူး။ လူမှုကွန်ယက်ပေါ် Live လွှင့်ပြီးပြောနေသူ တစ်ချို့ကတော့ ၎င်းတို့ရဲ့ Follower တွေကို တော်လှန်ရေးက တစ်လအတွင်း ပြီးခါနီးပြီ ဆိုတဲ့ False hope တွေ မကြာခဏပေးလေရှိပါတယ်။ ဒါပေမယ့် စစ်အုပ်စု နေဝင်ချိန်ကို အချက်အလက် အပြည့်အစုံနဲ့ ပြောနိုင်တဲ့သူ မရှိသေးပါဘူး။

သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာ စစ်အုပ်စုရဲ့ နေဝင်ချိန်ကြေညာပြီလို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ကိုယ့်သေတွင်း ကိုယ်တူးသူများဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။




Tags:

Related Stories