အဆိုပါ သတင်းအမှားကို PDF News ဆိုတဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဧပြီလ ၂၇ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံရယ် စစ်ကောင်စီ ခေါင်းဆောင် သားအဖရဲ့ ဓါတ်ပုံတစ်ပုံရယ် လူတစ်ဦးကို လက်နောက်ပြန် ဖမ်းသွားတဲ့ ဓါတ်ပုံတစ်ပုံရယ်ကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “UN ရဲ့ အထူးအစီအစဉ်နဲ့ မအလသား အောင်ပြည့်စုံကို ဖမ်းချလိုက်ပြီ။ တစ်နိုင်ငံလုံး အပျော်ဟေ့” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “မင်းအောင်လှိုင် သားအောင်ပြည့်စုံအဖမ်းခံလိုက်ရပြီ။တစ်နိုင်ငံလုံး အပျော်လွန်ပါပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
UN ရဲ့ အထူးအစီအစဉ်နဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့သား အောင်ပြည့်စုံကို ဖမ်းဆီးလိုက်လို့ တစ်နိုင်ငံလုံး ပျော်နေကြပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံဟာ ဖမ်းဆီးခံရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ လျှပ်စစ်ဓါတ်အားပေးဖို့ ဆိုလာပြားတွေ အစုလိုက် အပြုံလိုက် တင်သွင်းဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ