HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG သမ္မတ ပြည်ဝင်ခွင့်ရလို့ ရန်ကုန်ပြန်ရောက်နေပြီဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ပြည်ဝင်ခွင့်ရလို့ ရန်ကုန်ပြန်ရောက်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 29 July 2023 4:41 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အဆိုပါ သတင်းကို ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်မံဖြန့်ဝေထားပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပုံရယ် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့သူတစ်ချို့ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “NUG သမ္မတကြီး ရန်ကုန်ရောက်ပြီ။ ပြည်တော်ဝင်ခွင့်ရပြီဟုကြေညာ၊ မင်းအောင်လှိုင် အရှုံးပေးလိုက်ပြီ” (အသုံးအနှုံး မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို ဖြန့်ဝေရာမှာလည်း “NUG သမ္မတကြီးရန်ကုန်ရောက်ပြီးအာဏာပြန်ယူမယ်လို့ကြေညာ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ ဖေ့ဘွတ်အကောင့်တစ်ချို့က ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တော်ဝင်ခွင့်ရပြီး NUG သမ္မတကြီးရန်ကုန်ရောက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

NUG အစိုးရဟာ ပြည်ဝင်ခွင့် မရသေးပါဘူး။ NUG နဲ့ ပတ်သက်တဲ့သူမှန်သမျှကို စစ်ကောင်စီက ဖမ်းဆီး နှိပ်စက် အရေးယူနေဆဲဖြစ်ပြီး NUG သမ္မတလည်း ရန်ကုန်ရောက်ရှိခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း နဲ့ Revolution Force (RF)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး ဆိုတဲ့ စာတန်း ချိတ်ဆွဲခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


Tags:

Related Stories