HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြို့ကြီးတွေကို အပိုင်သိမ်းကြောင်း NUG ကြေညာဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြို့ကြီးတွေကို အပိုင်သိမ်းကြောင်း ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 13 Jun 2023 3:40 PM IST

အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၂ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ PDF တွေ ပါဝင်တဲ့ ဓါတ်ပုံတွေ NUG သမ္မတရဲ့ ဓါတ်ပုံတွေအပါအဝင် တစ်ခြားဓါတ်ပုံတစ်ချို့ကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မြို့ကြီးတွေ အပိုင်သိမ်းကြောင်း NUG ကြေညာ” လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရ NUG က မြို့ကြီးတွေကို အပိုင်းသိမ်းလိုက်ကြောင်း ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေပေမယ့် မည်သည့် မြို့ကြီးတွေကိုမှ NUG က ထိန်းချုပ်ထားနိုင်ခြင်း မရှိသလို NUG ဘက်ကလည်း တစ်စုံတစ်ရာ ကြေညာထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories