HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်တွေကို ICC က ဖမ်းမိန့်ချတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေကို ICC က ဖမ်းမိန့်ချတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 May 2024 7:28 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းရဲ့ ဓါတ်ပုံရယ်၊ ၎င်းနဲ့ နိုင်ငံတကာက ခေါင်းဆောင်တစ်ယောက်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံနဲ့အတူ
 “ပွဲသိမ်းပြီဟေ့။ မင်းအောင်လှိုင်နဲ့ စိုးဝင်းကို ICC ဖမ်းမိန့်ချပြီး ၂၄ နာရီအတွင်း ဖမ်းမည်။ လုံးဝ လက်မလွတ်ပဲ ကြည့်ကြပါ။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေကို ICC က ဖမ်းမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ ICC/ICJ တရားစွဲခံထားရတဲ့အမှုဟာ စစ်ဆေးနေဆဲသာဖြစ်ပြီး လတ်တလော ထူးခြားမှုမရှိသေးသလို မြန်မာနိုင်ငံက မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးဖို့ အမိန့်ထုတ်ထားခြင်း မရှိပါဘူး။ စစ်ကောင်စီခေါင်းဆောင် ၂ ဦးဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းကိုလည်း ဖမ်းဆီးမိန့် ထုတ်ထားခြင်း မရှိပါဘူး။ 

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories