ဒီအကြောင်းအရာကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "သံပုံးတီးပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာ နားငြီးတာမခံနိုင်တဲ့ ပြည်သူများမှ ကားတီးသပိတ် ပြန်လုပ်။ မြိန်လိုက်တာ ကားအစီး ၃၀ ကျော်။ အုတ်ခဲတွေ ဆောင်ထား။ သုံပုံးတီးသံကြားရင် အဲ့၀န်းကျင်နား။ အုတ်ခဲမိုး ရွာပေးလိုက်။" လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြစ်စဉ်အမှန်မှာ ရန်ကုန် ကမာရွတ်မြို့နယ် ၃ ရက်ကွက်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့ညပိုင်းက သံပုံးတီးနေစဉ်ရပ်ကွက်အတွင်း စစ်ကားတွေ ဝင်လာပြီး စစ်သားတွေက အနီးအနားက ကားတွေကို ရိုက်နက်ဖျက်ဆီးတဲ့အတွက် ကားအစီး ၃၀ ကျော် ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။စစ်သားတွေက ကားမှန်တွေ ရိုက်ခွဲတဲ့အပြင် နေအိမ်တွေကို လေးခွနဲ့ ပစ်တာတွေ၊ မိုးမွှန်အောင်ဆဲဆိုတာတွေလည်း လုပ်သွားတဲ့အကြောင်း ရပ်ကွက်နေ ပြည်သူတွေက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။