HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဂန့်ဂေါ PDF တွေက စပါးစိုက်တောင်သူတွေဆီက ဆက်ကြေးကောက်ခံနေတယ်ဆိုတဲ့ သတင်းအတု

ဂန့်ဂေါ PDF တွေက စပါးစိုက်တောင်သူတွေထံကနေ ဆက်ကြေးကောက်ယူနေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 11 Dec 2024 4:56 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “ဂန့်ဂေါဘက်မှာရှိတဲ့ စပါးစိုက်တောင်သူများထံမှ အကြမ်းဖက် PDF များက လယ် ၁ ဧကလျှင် စပါး ၁၀ တင်း ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံတောင်သူများ စိတ်ညစ်နေ။ မပေးလို့လည်း မရဘူး။ တကယ်လို့ သူတို့တောင်းတာမပေးရင်း စကစကိုထောက်ခံနေတဲ့ ဒလန်ဆိုပြီး သတ်ပစ်တာ ဟု ဒေသခံတောင်သူတစ်ဦးမှ ရင်ဖွင့်လာပါတယ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေကပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ဂန့်ဂေါ PDF တွေက စပါးစိုက်တောင်သူတွေထံကနေ ဆက်ကြေးကောက်ယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ ဖြန့်ထားတဲ့ အကြောင်းအရာထဲက ဓါတ်ပုံတွေဟာ ဂန့်ဂေါ PDF တွေရဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ဂန့်ဂေါ PDF တပ်ရင်း ရဲဘော်တွေရဲ့ မိသားစုဝင်တွေက တပ်ရင်း ရိက္ခာဖူလုံရေးအတွက် စပါးရိတ်သိမ်းပြီး ထောက်ပံ့မှု ပြုလုပ်ပေးတယ်လို့ ထုတ်ပြန်လာတဲ့ ပုံတွေ ဖြစ်ပါတယ်။

ဂန့်ဂေါ PDF တပ်ရင်းအနေနဲ့ လယ် ၁၀ ဧက စပါးစိုက်ပျိုးခဲ့ပြီး စပါးတင်း ၅၀၀ ထွက်ရှိကာ အဲ့ဒီအထဲက စပါးထဲက ၃ ပုံ ၁ ပုံကို ကျေးရွာအတွက် ဘုံထားပြီး ကျန်ရှိတဲ့စပါးတွေကို တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ရိက္ခာထောက်ပံ့ပေးခဲ့တယ် လို့ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း ထောက်ပို့ဌာနမှာ စာရင်းကိုင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မသက်က မြေလတ်အသံ သတင်းဌာနကို ပြောကြားထားပါတယ်။

ဂန့်ဂေါ PDF တွေ စပါးစိုက်ပြီး တပ်ရင်းအတွက် ထောက်ပံ့ပေးတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories