HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘူးသီးတောင်မြို့အဝင် တံတားကို AA က မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု

ဘူးသီးတောင်မြို့အဝင် ပန်းဇင်ချောင်း တံတားကို AA က မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 May 2024 4:27 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ဘူးသီးတောင်မြို့အဝင် ပန်ဇင်းချောင်းတံတားကို ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အဝင်မှာရှိတဲ့ ပန်ဇင်းချောင်းတံတားကို AA အဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်တာ ဖြစ်ကြောင်း၊ ဒီလို မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ရေအလည်တိုင်စင် ကျိုးကျပျက်စီးသွားကြောင်း၊ ဒါ့အပြင် ဧပြီလအတွင်းမှာ ဆင်အိုးပြင်ရွာနဲ့ ဂုံးနားရွာကြားမှာရှိတဲ့ တံတားကိုလည်း AA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ဇန်နဝါရီလ မှာလည်း ကျောက်ဖြူမြို့က တံတား ၂ စင်းနဲ့ မအီတံတားကို AA အဖွဲ့ကပဲ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ဘူးသီးတောင်မြို့အဝင် ပန်းဇင်ချောင်း တံတားကို AA က မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်မှာ စစ်တပ်ဟာ အထိနာနေပါတယ်။ စစ်ကောင်စီတပ်ဟာ စခန်းစွန့်ခွာပြေးတဲ့ အခါတွေ AA တပ်တွေ ထိုးစစ်ဆင်တဲ့အခါတွေမှာ ဝင်မလာနိုင်အောင် တံတားတွေ မိုင်းခွဲသွားလေ့ရှိပြီး ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ တံတားတွေ မိုင်းခွဲထားတာ ၆ စင်းအထိ ရှိလာပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အရေးပါတဲ့ မင်းချောင်းတံတား၊ ပန်းဇင်းမော်တံတား၊ လှဘော်ဇားတံတား၊ ၃ မိုင်တံတား၊ မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတား၊ လဘော်ဇား တံတား တွေကို စစ်ကောင်စီတပ်တွေက AA တပ်တွေ မဝင်လာနိုင်အောင် မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပန်းဇင်းမော်တံတား အပါအဝင် တစ်ခြားအရေးပါတဲ့ တံတားတွေ မိုင်းခွဲဖျက်ဆီးခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories