HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအဟောင်းတွေ သုံးပြီး စစ်ကောင်စီသင်္ကြန်စည်ကားသယောင် သတင်းအမှားဖြန့်

ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလို့ ရေးသားထားတဲ့အကြောင်းအရာနဲ့အတူ ဆူးလေဘုရားအနီး မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ရှေ့မှာ ကနေတဲ့ လူတစ်ဦးပုံကို လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေမှုတွေ သင်္ကြန်အကြိုနေ့ကပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 14 April 2022 9:23 PM IST

ဒီဖြန့်ဝေမှုတွေကို ဧပြီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး "ဟစ်တိုင်-အွန်လိုင်းသတင်းဌာန" ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် အပါအဝင် ကျန်တဲ့ သတင်းဌာန အမည်ခံ ပေချ့်တွေမှာ လည်း ဖြန့်ဝေနေမှုတွေရှိပါတယ်။ ဖြန့်ဝေပြီး နာရီပိုင်းအတွင်း ထပ်ဆင့်ဖြန့်ဝေမှုပေါင်း ထောင်ကျော်ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ ပုံတွေကို BOOM က ဆန်းစစ်ကြည့်ရာမှ ဒီဓါတ်ပုံမူရင်းဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အကြိုနေ့က အဖြစ်အပျက်တစ်ခုရဲ့ ပုံတွေဖြစ်ကြောင်း တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ် သင်္ကြန်အကြိုနေ့က ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှေ့မှာ လူတစ်ဦးတည်း ကနေတာကို မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။


အထက်ပါပုံက Duwun မီဒီယာမှာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ဖော်ပြထားမှုဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာာတွေဟာ အပျော်သဘော နောက်ပြောင်ဖြန့်ဝေနေမှုတွေလည်း ဖြစ်နိုင်သလို စစ်ကောင်စီအလိုကျ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ် ဆိုတဲ့ အထင်ရောက်စေဖို့ တမင်လုပ်ကြံဖြန့်ဝေနေမှုတွေလည်း ပါဝင်နေပါတယ်။

Tags:

Related Stories