HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နောက်ပြောင်ဖြန့်ဝေထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မျက်နှာ ဖောရောင်နေတဲ့ ဓါတ်ပုံ

ဒေါ်နယ်ထရမ့်မျက်နှာ ဖောရောင်ပြီး မဲနေတဲ့ ဓါတ်ပုံတစ်ပုံ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Jun 2024 3:52 PM GMT

အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက် သုံးစွဲသူတွေကြား ဇွန်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့ မဲဆွယ်ကမ်ပိန်းမှာ အသုံးပြုထားတဲ့ “Make America Great Again” စာသားပါ ဦးထုပ်ကို ဆောင်းထားသူ တစ်ဦးတို့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။ ၎င်းဓါတ်ပုံထဲမှာ ဒေါ်နယ်ထရမ့်ရဲ့ မျက်နှာဟာ ဖောရောင်ကာ မဲနေပြီး အဆီတွေ တဝင်းဝင်းနဲ့ ပြောင်နေပါတယ်။ ဒီဓါတ်ပုံကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖြန့်ဝေနေကြပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မျက်နှာ ပွဖောင်းဖောင်းဖြစ်ကာ မဲပြောင်နေတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ကာ နောက်ပြောင် ဖြန့်ဝေထားတဲ့ ဓါတ်ပုံအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီ ဓါတ်ပုံကို X(Twitter) အကောင့် သုံးစွဲသူတစ်ယောက်က Photoshop နဲ့ ပြုပြင်ကာ “ထရမ့်က အိမ်သာသွားခါနီးတောင် သူ့ရဲ့ Fan နဲ့ ဓါတ်ပုံတွဲရိုက်တယ်” လို့ နောက်ပြောင် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံကို နောက်ပြောင် ဖြန့်ဝေသူတွေ ရှိသလို တကယ်ထင်ပြီး ဖြန့်ဝေနေကြသူတွေလည်း ရှိပါတယ်။

မူရင်း ဓါတ်ပုံထဲမှာတော့ ထရမ့်ရဲ့ မျက်နှာက ဖောရောင်နေခြင်း မရှိပါဘူး။ မူရင်း ဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။


Related Stories