BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒါရိုက်တာ ကိုပေါက် တတိယနိုင်ငံမှာ...
      သတင်းအတု

      ဒါရိုက်တာ ကိုပေါက် တတိယနိုင်ငံမှာ အရေးပေါ်ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းအမှား

      တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် တတိယနိုင်ငံတစ်ခုမှာ အရေးပေါ် ဆေးရုံတင်ပြီး ကုသမှုခံယူနေရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  20 Feb 2025 10:49 PM IST
    • ဒါရိုက်တာ ကိုပေါက် တတိယနိုင်ငံမှာ အရေးပေါ်ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီလုပ်နေတဲ့ TZ Celebrities Plus ဆိုတဲ့ ဖေစ်‌ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ဒါရိုက်တာ ကိုပေါက် ဆေးရုံကုတင်ပေါ်မှာ လှဲအိပ်နေတဲ့ ပုံတွေကို အသုံးပြုပြီး 'စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေကြောင့် တတိယနိုင်ငံတော်မှာ အရေးပေါ်ဆေးရုံတင်ပြီး ကုသမှုခံယူနေရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်ကိုပေါက်' လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒါရိုက်တာ ကိုပေါက် တတိယနိုင်ငံမှာ အရေးပေါ်ဆေးရုံတင်ထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      သူ့ကို တတိယနိုင်ငံရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကိုပေါက်က 'ဂျပန်မှာလား အမေရိကားလား ရှင်းရှင်း လင်လင်း ပြော။ ဒါမျိုးက ရောမချရဘူး။ ဆဲချင်နေတဲ့သူတွေ ဝေဝါးအောင် မလုပ်ရဘူးနော်' လို့ သူ့ရဲ့ ဖေစ့်ဘွတ် အကောင့်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပိုစ့်တင်ပြီး ပြန်လည်ပြောဆိုထားပါတယ်။


      ဒါရိုက်တာ ကိုပေါက်ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ပြည်လည်ပြောဆိုထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း Director Ko Pauk ဆိုတဲ့ သူ့ရဲ့ ဖေစ်ဘွတ်ပေချ့်မှာ ဗီဒီယိုတစ်ပုဒ်တင်ပြီး ပြန်လည်ဖြေရှင်ထားတာ ရှိပါတယ်။

      ဗီဒီယိုထဲမှာ ကိုပေါက်က ဆေးရုံတက် ခွဲစိတ်ခန်းဝင်ခဲ့ရတာ တစ်လလောက်ကြာပြီဖြစ်ကြောင်း၊ အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါအတွက် တက်ခဲ့ရတာဖြစ်ကြောင်း၊ တဖက် စစ်ကောင်စီလော်ဘီတွေ ပြေဆိုစွပ်စွဲနေသလို တတိယနိုင်ငံတော်ဆိုတာ မဟုတ်ကြောင်း၊ ဘယ်မှ သွားမှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ အနီးဆုံးမှာ ရှိနေမှာ ဖြစ်ကြောင်း၊ ဘန်ကောက်မှာ သီချင်းသွားဆိုရင် ဗိုက်ခွဲထားတဲ့ ချုပ်ရိုးက မကြက်ပဲ အနာပြန်ဖြစ်တာ ဖြစ်ကြောင်း ပြေဆိုထားပါတယ်။

      ဖေစ်ဘွတ်ပေချ့်မှာ ပြန်လည်ဖြေရှင်းထားတဲ့ ဗီဒီယိုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      သရုပ်ဆောင်director Ko Paukသတင်းအတုFakenewsကျန်းမာရေးစစ်ဆေးမှုခံယူ
      Read Full Article
      Claim :   ဒါရိုက်တာ ကိုပေါက် တတိယနိုင်ငံမှာ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!