BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲစာရင်းတွေ...
သတင်းအတု

မဲစာရင်းတွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲကော်မရှင်က မြို့နယ်အသီးသီးရှိ သက်သေခံမဲများကို မီးရှို့ဖျက်ဆီးတယ်ဆိုပြီးရေးသားဖြန့်ဝေတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်အကောင့်ပေါင်းများစွာကနေရေးသားဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  9 Jan 2021 12:19 AM IST
  • မဲစာရင်းတွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာတွေကို ဇန်နဝါရီလ ၄ ရက်နေ့ ဝန်းကျင်မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ဖြန့်ဝေမှုတွေထဲမှာ "ရွေးကောက်ပွဲနဲ့သက်ဆိုင်သော စာရင်းဇယား အချက်အလက်အားလုံးကို မပျောက်မပျက်မဖျက်ဆီးဘဲ ၁၂နှစ်တာကာလအကြာဥပဒေနဲ့အညီထိမ်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ရွေးကော်/ခွဲ ဥက္ကဌ ၊ အဖွဲ့ဝင်များက မဲစာရွက်စာတမ်းများ မီးရှို့/ဖျက်ဆီးလုပ်ဆောင်နေကြောင်း။ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ပါတ်သက်ပြီး မဲမသမာမှု တွေ မဲလိမ် မဲခိုးမှု တွေ အမှုပေါင်းထောင်ချီပြီး တိုင်ကြားခံထားရတဲ့ ဒီလိုကာလမျိုးမှာ ခုလိုလုပ်တာဟာ ရွေးကောက်ပွဲဝင် ပါတီတွေအနေနဲ့ သံသယများစရာ ဖြစ်စေကြောင်း" ရေးသားထားတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေနေမှုတွေနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ကြည့်ရာ ခု မီးရှို့ဖျက်ဆီးနေတဲ့ အရာများက ၂၀၂၀ရွေးကောက်ပွဲ စာရွက်စာတမ်းများမဟုတ်ကြောင်း၊ ကာလစည်းကမ်းသတ်မှတ်ချက်အရ ငါးနှစ်ကျော်လွန်နေပြီဖြစ်တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲလက်မှတ်နှင့် စာရွက်စာတမ်းတွေကို ဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့က ဖျက်ဆီးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းရွှေက ပြောကြားတယ်ဆိုပြီး Myanmar Now သတင်းဌာနရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၆ ရက်နေ့ က ဖော်ပြထားပါတယ်။


    Myanmar Now သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဇန်နဝါရီလ ၄ ရက်နေ့က ဖော်ပြခဲ့တဲ့ ယနေ့ခေတ် သတင်းဌာနရဲ့ "တောင်ကုတ်မြို့နယ်တွင် သက်သေခံမဲများကို မီးရှို့ဆိုသည့် သတင်းအမှား ပြန့်နေ" ဆိုတဲ့ သတင်းမှာလည်း မီးလောင်ပျက်စီးနေသည့် မဲလက်မှတ်များ၏ အရောင်များအရ ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့တဲ့ အဝါရောင် မဲလက်မှတ်များသာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့တဲ့ အဖြူရောင် မဲလက်မှတ်များမဟုတ်ကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်သိန်းက ပြောဆိုထားကြောင်း ရေးသားထားပါတယ်။


    ယနေ့ခေတ် သတင်းဌာနရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ရွေးကောက်ပွဲကော်မရှင်burns ballot papersမဲစာရင်းမီးရှို့Election Myanmarstealing votes
    Read Full Article
    Claim :   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်အသီးသီးရှိ သက်သေခံမဲများကို မီးရှို့ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!