မဲစာရင်းမပါသူတွေ ပုံစံ ၃နဲ့ ပြန်လျှောက်ရမယ်ဆိုတဲ့ သတင်းအမှား
လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေခဲ့တဲ့ မဲစာရင်းတွင် မပါဝင်ခဲ့တဲ့ ပြည်သူတွေ အနေနဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ မတိုင်မီ ပုံစံ ၃ လျှောက်လွှာ နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ လျှောက်ထားနိုင်ကြောင်း ရေးသားဖြန့်ဝေနေမှုတွေဟာ သတင်းမှားတွေသာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ နိုင်ဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပြီး ကြေငြာချက်ထဲမှာ "အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းတွင် မပါဝင်ခဲ့သူများအနေဲ့ မနက်ဖြန် ( ၇-၁၁-၂၀၂၀ ) ရက်နေ့၊ ညနေ ၃:၃၀ နောက်ဆုံးထား၍ ပုံစံ ( ၃ ) များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ လျှောက်ထားနိုင်တယ်လို့ ဖေစ့်ဘွတ်ပေါ် ပြန်နှံ့နေတဲ့ သတင်းဟာ သတင်းမှား၊ သတင်းတု သာဖြစ်ကြောင်း" ရေးသားထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
ကြေငြာချက်မှာ ပါဝင်တဲ့ သတင်းမှားဖြန့်ခဲ့တဲ့ Thet Naing Hein ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ DHA NA ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်ရှု့ရာ ယင်းတို့မှလည်း မှားယွင်းကြောင်း ပြန်လည်တောင်းပန်ထားတာကို တွေ့ရပါတယ်။ Thet Naing Hein ဖေစ့်ဘွတ်အကောင့်မှ ဖြန့်ဝေခဲ့မှုနဲ့ ပတ်သတ်ပြီး မှားယွင်းကြောင်းကို နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ပြန်လည်တောင်းပန်ထားပြီး DHA NA ပေချ့်ကလည်း နိုင်ဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမတိုင်မီက ပြန်လည်တောင်းပန်ထားတာ တွေ့ရပါတယ်။
ပြန်လည်တောင်းပန်ထားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။