သတင်းအတု
ကိုင်ဇာ ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား
တေးသံရှင်ကိုင်ဇာ ဇူလိုင်လ ၃ ရက်နေ့မှာ ကွယ်လွန်သွားတယ်တဲ့သတင်းတွေ ယခုရက်ပိုင်းအတွင်း လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုတွေရှိခဲ့ပါတယ်။

ဒီကောလဟလ တွေကို ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းကစတင်ဖြန့်ဝေခဲ့တာဖြစ်ပီး ဖြန့်ဝေမှုထဲမှာ "အဆိုတော်ကိုင်ဇာ ကံကောင်းသွားတယ်။ အဆိုတော်ကိုင်ဇာဟာ အရင်လက ဂီတအစည်းအရုံးဥက္ကဌအဖြစ် ရွေးချယ်ခံရပေမယ့် ကာယကံရှင်က ကျန်းမာရေးအရ ငြင်းပယ်ခဲ့တာပါ။ မဟုတ်ရင် ခုလိုသေဆုံးသွားတဲ့အခါ စစ်ကောင်စီကခန့်တဲ့ ဂီတအစည်းအရုံးဥက္ကဌ ကွယ်လွန်ဆိုတဲ့ သတင်းနဲ့အတူ အဆဲခံနေရမှာ ဖြစ်ပါကြောင်း" ဆိုပြီး ဖြန့်ဝေနေတာပါ။
ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေမှုတွေဟာ ကောလဟလသာဖြစ်ပြီး သူကျန်းမာစွာ ရှိနေကြောင်း အဆိုတော်ကိုင်ဇာက "Kaizar ကိုင်ဇာ(သို့)သီချင်းရှင်ရဲ့ ဂီတရာဇဝင်" သူ့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြေရှင်းထားပါတယ်။
အဆိုတော်ကိုင်ဇာရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Claim : တေးသံရှင်ကိုင်ဇာ ကွယ်လွန်ကြောင်း ဖြန့်ဝေနေတဲ့ သတင်းအမှား တေးသံရှင်ကိုင်ဇာ ဇူလိုင်လ ၃ ရက်နေ့မှာ ကွယ်လွန်သွားတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By : Facebook, Website
Fact Check : False
Next Story