ဒေါ်ကြူကြူလှကို ဩဇာအရှိဆုံးအမျိုးသမီးအဖြစ် လှောင်ပြောင်တဲ့ သတင်းအမှား
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှပုံကို အသုံးပြုပြီ ၄င်းဟာ မြန်မာနိုင်ငံရဲ့ဩဇာအာဏာအရှိဆုံးအမျိုးသမီးအဖြစ် စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတယ်ဆိုတဲ့ပုံတွေလူမှုကွန်ရက်မှာဖြန့်ဝေလျက်ရှိပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဇနီးနဲ့ ပတ်သက်တဲ့ ဒီဖြန့်ဝေမှုတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ကတည်းက လူမှုကွန်ရက်အကောင့်တချို့မှာစတင်ဖြန့်ဝေလာတာဖြစ်ပြီး "မြန်မာနိုင်ငံ ဩဇာအာဏာအရှိဆုံးအမျိုးသမီးအဖြစ် ဒေါ်ကြူကြူလှကို မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တွင်ဖော်ပြ" ဆိုပြီး ဖြန့်ဝေနေတာပါ။
ဒီလိုဖြန့်ဝေရာမှာ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးစာမျက်နှပေါ်မှာ ဒေါ်ကြူကြူလှပုံကို ထည့်သွင်းပြင်ဆင်ကာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မူရင်းပို့စ်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာဟာ လူမှုကွန်ရက်မှာ လှောင်ပြောင် ရယ်မောစရာအဖြစ်ဖန်တီးတဲ့အကြောင်းအရာမျိုးသာဖြစ်ပြီး အဲ့ဒီနေ့ကထွက်တဲ့ အစိုးရဝါဒဖြန့်သတင်းစာတွေမှာတော့ ဒီလိုအကြောင်းအရာမျိုးမပါဝင်ပါဘူး။အဲ့ဒီအပြင် ဒေါ်ကြူကြူလှကို မြန်မာနိုင်ငံရဲ့ဩဇာအရှိဆုံးအမျိုးအဖြစ် ဘယ်အဖွဲ့အစည်းကမှ အသိအမှတ်ပြုထုတ်ပြန်ထားဖူးခြင်းမျိုးလည်းမရှိသေးပါဘူး။
အထက်ဖော်ပြပါပုံမှာ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးဖြစ်ပြီး ရက်စွဲနေရာကို အစိမ်းရောင်နဲ့ ပြသထားပါတယ်။