ဦးသိန်းစိန်က စစ်ကောင်စီကို လက်မခံဘူးကြောင်း ပြောတယ်ဆိုတဲ့ သတင်းအမှား
သမ္မတဟောင်း ဦးသိန်းစိန်က စစ်ကောင်စီကို လက်မခံကြောင်း ကုလသမဂ္ဂမှာ ပြောဆိုပြီး ပစ်မှုတွေကိုလည်း ဖွင့်ချခဲ့တယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှား ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်စာမျက်နှာတွေမှာ စက်တင်ဘာ ၅ ရက်နေ့က စတင်ပြီး အချိန် ၄ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်နဲ့ တွဲပြီး ဖြန့်ဝေနေတာပါ။
ဖြန့်ဝေရာမှာ သမ္မဟောင်းဦးသိန်းစိန်ရဲ့ ပုံကို ဗွီဒီယိုကာဗာအဖြစ် အသုံးပြုပြီး 'ဦးသိန်းစိန် ပြည်သူကို ကယ်ပြီ။ စကစကို လက်မခံကြောင်းနဲ့ ပစ်မှုတွေကို UN မှာ အကုန်ဖွင့်ချ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို စစ်ဆေးကြည့်ရာ သမ္မတဟောင်း ဦးသန်းစိန်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာ တစ်စုံတရာ မပါရှိတဲ့အပြင် ပိုစ့်မှာ ရေးသားထားချက်တွေနဲ့လည်း ကိုက်ညီမှုမရှိတာ တွေ့ရပါတယ်။
ဒီဗွီယိုထဲမှာ နောက်ခံစကားပြောနဲ့ ပုစွန်ဆိတ်ဦးနောက်နဲ့ မင်းအောင်လှိုင်ဆိုပြီး ပြောဆိုကာ ခေါင်းစဉ်နဲ့ ကိုက်ညီမှုမရှိတဲ့ အကြောင်းအရာတွေကို ပြောဆိုနေတာသာ ဖြစ်ပါတယ်။
ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီးဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။