မန္တလေးတိုင်း မတ္တရာမှာ လက်နက်တွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
မန္တလေးတိုင်း မတ္တရာမြို့မှာ ကုန်တင်ကားပေါ်ပါလာတဲ့ လက်နက်တွေ ဖမ်းမိတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ ဧပြီ ၈ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ လက်နက်ငယ်နဲ့ ဗုံးသီးတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံသုံးပုံနဲ့အတူ "မန္တလေးတိုင်း မတ္တရာမြို့ ကုန်တင်ကားကြီးပေါ်က ဖမ်းမိတာ။ M-22 အလက် ၆၀၊ အီနာဂါဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး ၈၀ လုံး၊ လက်နက်ငယ်ကျည်နဲ့ သေနတ်လွယ်ကြိုး ၂၁ ချောင်း" လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ပုံတွေကို စစ်ဆေးကြည့်ရှု့ရာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၈ ရက်နေ့က က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်ယျကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်က ပုံအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး အခုဖြစ်နေတဲ့ ပုံစံ ရေးသားဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
အခုဖြန့်ဝေနေတာတွေဟာ ပုံဟောင်းကို အသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။