NLD နာယက ဦးတင်ဦး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကြီး ဦးတင်ဦး မေလ ၃၀ ရက် ညပိုင်း ၇နာရီခွဲခန့်မှာ ကွယ်လွန်သွားပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီသတင်းမှားကို မေလ ၃၀ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဆေးရုံကုတင်ပေါ်မှာ နာမကျန်းဖြစ်နေတဲ့ ဦးတင်ဦးရဲ့ ပုံနဲ့အတူ 'NLD နာယကကြီး ဦးတင်ဦး မေလ ၃၀ ရက် ည ၇နာရီ ၃၂မိနစ်တွင် ကွယ်လွန်သွားပြီဟု သိရ' လို့ ဖြန့်ဝေနေကြတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦး မေလ ၃၀ ရက် ညပိုင်း ၇နာရီခွဲခန့်မှာ ကွယ်လွန်သွားပြီဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက် မမှန်တဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ ‘NLDနာယက ဘဘဉီးတင်ဉီး ဆုံးသွား ပြီဆိုတဲ့ သတင်းဟာမမှန်ပါ။ ယနေ့ည 9:40အထိ ဆေးရုံကြီးအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေဆဲပါ။ အခြေအနေ တစုံတရာတိုးတက်မှု ရှိပေမယ့် စိုးရိမ်ရဆဲလို့ပြောလို့ရပါတယ်’ လို့ မေလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ် ခန့်က ရေးသားဖြန့်ဝေထားပါတယ်။
ကိုမြအေးရဲ့ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ။်
ဒါ့အပြင် RFA သတင်းဌာနကလည်း ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက မေလ ၃ဝ ရက် ဒီနေ့ညပိုင်းမှာ အတည်ပြုပြောကြားတယ်လို့ ဖော်ပြထားပါတယ်။
ဦးတင်ဦးကို မေလ ၂၉ ရက် မနေ့က ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ရပြီး၊ အဲဒီကနေတစ်ဆင့် အထူးကြပ်မတ် ဆောင်ကို ဒီနေ့ပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။