BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန်းမြို့တော်ဝန်...
သတင်းအတု

မန်းမြို့တော်ဝန် ရန်ကုန်မှာဝင်ရောက်အရွေးခံမယ်ဆိုတဲ့ သတင်းမှား

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အနေနဲ့ ရန်ကုန်မြို့တော်ဝန်နေရာ ဝင်ရောက်အရွေးခံမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 Dec 2020 12:38 PM IST
  • မန်းမြို့တော်ဝန် ရန်ကုန်မှာဝင်ရောက်အရွေးခံမယ်ဆိုတဲ့ သတင်းမှား

    မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ ရန်ကုန်မြို့တော်ဝန်အတွက် ဝင်အရွေးခံမယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ဝန်းကျင်မှာ လူမှုမီဒီယာတွေပေါ် ပြန့်နှံ့နေတာဖြစ်ပြီး ရေးသားမှုထဲမှာ "နီးစပ်ရာအသိုင်းအဝန်းသတင်းအရ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ရန်ကုန်မြို့တော်ဝန်အတွက် ဝင်အရွေးခံမယ်လို့သိရပါတယ်။ သတင်းအတည်ပြုမှု ထွက်ပေါ်မလာသေးပါဘူး။" ဆိုပြီး ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခုကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြေငြာထားပါတယ်။ သူ့ရဲ့ ကြောငြာချက်ထဲမှာ "ဖေဖော်ဝါရီလဆန်းလောက်ကျမှ ရှင်းပြဖို့စိတ်ကူးခဲ့ပေမယ့် ပြည်သူတွေရဲ့ တောင်းဆိုမှုများနဲ့ အစိုးရအဖွဲ့အတွင်း ပြဿနာဖြစ်နေသလိုလို ရေးသားချက်အချို့ကြောင့် စောပြီးရှင်းပြရတာဖြစ်ကြောင်း၊ မြို့တော်ဝန်ရာထူးကို စတင်လက်ခံစဉ်ကထဲက ၅ နှစ်သာ လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ အဓိကဆက်မလုပ်ရတဲ့ အကြောင်းမှာ အသက်အရွယ်ကြောင့်နဲ့ ကျန်းမာရေးကြောင့် ဖြစ်ကြောင်း" ရေးသားထားပါတယ်။

    ဒေါက်တာရဲလွင်ရဲ့ ကြေငြာချက်အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒေါက်တာရဲလွင်က လာမည့် အစိုးရသစ်သက်တမ်းတွင် မြို့တော်ဝန်အဖြစ်မှ အနားယူသွားမည်ဖြစ်ကြောင်း မြန်မာတိုင်း(မ်) သတင်းဌာနကိုလည်း အတည်ပြု ပြောကြားထားပါတယ်။


    ဒေါက်တာရဲလွင်အနေနဲ့ လာမည့် အစိုးရသစ်သက်တမ်းမှာ မြို့တော်ဝန်အဖြစ်မှ အနားယူသွားမယ်လို့ ကြေငြာထားတာဖြစ်လို့ ရန်ကုန်မြို့တော်ဝန်အဖြစ် ဝင်အရွေးခံမယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။

    Tags

    မန္တလေးမြို့တော်ဝန်ရန်ကုန်မြို့တော်ဝန်မြို့တော်ဝန်mayorNLD အစိုးရ
    Read Full Article
    Claim :   မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အနေနဲ့ ရန်ကုန်မြို့တော်ဝန်နေရာ ဝင်ရောက်အရွေးခံမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုတွေရှိနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!