ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဟန် ဖြန့်ဝေနေတဲ့ သတင်းအမှား
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအသုံးပြုကာ လွှတ်ပေးဘို့ အတည်ပြုလိုက်ပြီဆိုပြီး အများပြည်သူ အထင်မှားစေဘို့ ရည်ရွယ်ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Video base ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေပြီး ၃ နာရီအတွင်း ထပ်ဆင်ဖြန့်ဝေမှု ရာနဲ့ချီရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁ နာရီခွဲနီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအပါအဝင် နာမည်ကြီး အနုပညာရှင်အချို့ရဲ့ ဓာတ်ပုံတွေ အသုံးပြုကာ ‘လွှတ်ပေးဖို့ အတည်ပြုလိုက်ပြီ’ လို့ ရေးသားကာ အများပြည်သူ အထင်လွဲစေဘို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အမျိုးသမီးတစ်ဦး ဖေစ့်ဘွတ် live လွှင့်နေတဲ့ ဗွီဒီယိုဖိုင်ကို ပြန်လည်ကူးယူဖော်ပြထားတာဖြစ်ပါတယ်။
Live ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပါအဝင် NUG အစိုးရနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပြောဆိုနေတာပါ။
ဒီ ဖေစ့်ဘွတ် live နဲ့ ဗွီဒီယို ကာဗာပုံကို ကူးယူပြီး အခြားသတင်းအမှားဖြန့်ဝေနေတဲ့ ပေချ့်တွေမှာလည်း ဖြန့်ဝေနေပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။