ကြိမ်ဖန်များစွာဖြန့်ဝေတဲ့ ခင်လှိုင်သေဆုံးသည့် သတင်းအမှား
ဟာသသရုပ်ဆောင် ခင်လှိုင် ကွယ်လွန်ပြီဆိုပြီး ဖန်တီးရေးသားထားတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်မှာ ပြန်လည်ပျံ့နံ့လျက်ရှိပါတယ်။
ဟာသသရုပ်ဆောင် ခင်လှိုင် ဆုံးရှာပြီဆိုတဲ့ အကြောင်းအရာမျိုးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင်ဖြန့်ဝေလာတာဖြစ်ပြီး ဇန်နဝါရီ၊ မေနဲ့ ဇွန်လအတွင်းတွေမှာလည်း ထပ်ခါတလဲ ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ အချို့က နောက်ခံစကားပြော ဗွီဒီယိုဖိုင်တွေနဲ့ တွဲပြီး ဖြန့်ဝေတာဖြစ်ပေမယ့် သရုပ်ဆောင်ခင်လှိုင်ဆုံးတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ အချို့ဖြန့်ဝေမှုတွေမှာ ဘလော့ဝက်ဘ်ဆိုက်မှာ ရေးသားထားမှုတဲ့ သတင်းအမှားတွေကို ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်ဝေသူတွေ အကြိမ်ကြိမ်အဖန်ဖန်ဖြန့်နေတဲ့ သတင်းအမှားသာဖြစ်ပြီး သရုပ်ဆောင် ခင်လှိုင်ဟာ သက်ရှိထင်ရှားရှိနေဆဲဖြစ်သလို သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၆ ရက်နေ့က Live လွှင့် စျေးရောင်းနေခဲ့ပါသေးတယ်။ ဒီ ပိုစ့်ကို ဒီနေရာ မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။ သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ နောက်ဆုံးတင်ထားတာက ဇွန်လ ၁၈ ဖြစ်ပြီး'အညာသူ ကဖေး&စားဖွယ်စုံ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ ပိုစ့်တစ်ခုကို ပြန်လည်ဖြန့်ဝေထားတာပါ။
သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။