စစ်တွေမြို့ကို AA တပ်တော် ဝင်သိမ်းတယ်ဆိုတဲ့ သတင်းအမှား
အမ်းမြို့အပါအဝင် ရခိုင်ဒေသတွင်း နေရာအမျာအပြားကို ရခိုင့်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတွေပေါ်အခြေခံကာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ် အင်အားတစ်သိန်းက ဝင်ရောက်သိမ်းပိုကတယ်ဆိုပြီးဖြတ့်ဝေထားတဲ့ သတင်းမှားတစ်ပုဒ်ပျံ့နှံ့လာပါတယ်။
ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်တွေမြို့ ဝရုန်းသုန်းကား ငါးပါးမှောက်ပြီ။ ငါးကြင်းဆီးနဲ့ငါးကြင်းကြော်ပြီ။ AA တပ်ဖွဲ့နဲ့ မဟာမိတ် (၁) သိန်း စစ်တွေမြို့ကို ဝင်သိမ်းပြီ။ စစ်ခွေးများ (၁၂၀၀) သေဆုံး' လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်တွေမြို့ကို AA တပ်တော် ဝင်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
သတင်းနဲ့အတူဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ DMG သတင်းဌာနမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ စစ်အင်အားဖြည့်တင်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ စစ်တွေမြို့ကို AA တပ်တော် ဝင်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။သတင်းထဲမှာ ရခိုင်ပြည်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တပ်တွေနှအပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေကြောင်း ရေးသားထားတာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဆိုပြီး အာရက္ခတပ်တော် (AA) တပ်တော်က ထုတ်ပြန်ထားပါတယ်။DMG သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။