BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့...
သတင်းအတု

စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့ မင်းအောင်လှိုင်ပြောတယ်ဆိုတဲ့ သတင်းအမှား

လူငယ်တွေအနေနဲ့ နိုင်ငံခြားထွက်ပြေးတာတွေ ရပ်ကြဖို့နဲ့ စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေဟာ သတင်းအမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 March 2024 4:44 AM IST
  • စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့ မင်းအောင်လှိုင်ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လူငယ်တွေ စစ်မှုထမ်းရန် မလိုတော့ပါ။ ကာချုပ်မင်းအောင်လှိုင်မှ တိုက်ရိုက်အမိန့်ပေးပြီ။ နိုင်ငံခြားထွက်ပြေးတာတွေ ရပ်ကြရန် ညွှန်ကြား' လို့ ရေးသားထားတာပါ။ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းခြောက်သောင်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လူငယ်တွေ စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးတဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်က ဒီလိုအမိန့်ပေး ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။ လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်နေတာ တွေ့ရပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်နေပါတယ်။

    တဖက်မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ဆောင်ရွက်နေသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့အတွက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုပြီး ဖြစ်လာပါတယ်။

    Tags

    conscription lawrepeal lawဥပဒေရုပ်သိမ်းFakenewsMisinformationmilitary service lawစစ်မှုထမ်းဥပဒေMilitary Leader
    Read Full Article
    Claim :   လူငယ်တွေ စစ်မှုထမ်းဖို့ မလိုတော့ဘူးလို့ စစ်ခေါင်းဆောင်ပြောတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!