မင်းကင်း pdf အဖွဲ့ဝင်တွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
ဓါတ်ပုံဟောင်းကို အသုံးပြုပြီး မင်းကင်း pdf အဖွဲ့ဝင်တွေ အဖမ်းခံရသယောင် ပြန်လည်ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။

ဒီသတင်းအမှားကို ဖေဖော်ဝါရီ ၂၀ ညနေပိုင်းကစပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ တယ်လီဂရမ်ချန်နယ် တွေမှာ ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ လက်ပြန်ကြိုးတုပ်ခံထားရတဲပ လူငယ်တွေပုံတစ်ပုံနဲ့အတူ "မင်းကင်းpdfတွေဆိုပါလား။ ဘယ့်နှယ်ရှိစ အရသာတွေ့ကြရဲ့လား။ ငရုတ်သီးထောင်းစားရတာမျက်ရည်တောင်ကျနေမလား။ စပ်ပူစပ်လောင်အရသာလေး" ဆိုပြီး ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ခုဖြန့်ဝေနေဲ့ ပုံကို BOOM က သတင်းဆန်းစစ်ကြည့်ရာမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက မင်းကင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်က ပုံဟောင်းကို ပြန်လည်အသုံးပြုပြီး ဖြန့်ဝေနေတာတွေ့ရပါတယ်။
ဒီသတင်းကို Myanmar Now သတင်းဌာနမှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က ဖော်ပြထားတာလည်း ရှိပါတယ်။ ဖြစ်စဉ်မှာ တောင်ဖြူရွာမှာ ထောင်ချောက်ဆင် ဖမ်းဆီးခံလိုက်ရတဲ့ မင်းကင်းမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ဦးအကြောင်း ဖော်ပြထားတာပါ။ သတင်းထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ ဦးအနက် ၁၀ ဦးမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။