BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC...
သတင်းအတု

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်ရှိနေပြီး အမှုရှုံးနိမ့်ကာ သေဒဏ်ပေးခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2024 7:58 AM IST
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon khit thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဖမ်းခေါ်သွားတာ ဘယ်သူမှ မသိလိုက်ဘူး။ အကြမ်းဖက် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်ပြီ။ အမှုရှုံးနိမ့်ပြီး သေဒဏ်ပေးခံရဖွယ်ရှိ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ICC စစ်ခုံးရုံးFakenewsသေဒဏ်ပေးခံရသတင်းတုClickbaitsအကြမ်းဖက်military leader arrested
    Read Full Article
    Claim :   စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC စစ်ခုံးရုံးရောက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!