မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် မိုင်းဖုန်းဆရာတော် ယှဉ်ပြိုင်တယ်ဆိုတဲ့ သတင်းအမှား
မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် မိုင်းဖုန်းဆရာတော် ယှဉ်ပြိုင်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် မိုင်းဖုန်းဆရာတော် ယှဉ်ပြိုင်ပွဲကြီးမှာ ဘယ်လိုမှငြင်းမရအောင်ပေါ်ပြီ’ ဆိုပြီး ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်စစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ မိုမဟာဗောဓိမြိုင် ဆရာတော်ကြီးနှင့် မိုင်းဖုန်းဆရာတော် ယှဉ်ပြိုင်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ဗီဒီယိုထဲမှာ မိုင်းဖုန်းဆရာတော်ရဲ့ ကျင့်ကြံနေထိုင်မှုနဲ့ ပက်သတ်ပြီး တဖက်သတ်အမြင်တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီလို ဘာသာရေးနဲ့ သဘာဝလွန်အကြောင်းအရာတွေကို မကြာခန လုပ်ကြံရေးသား ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ‘မိုင်းဖုန်းဆရာတော် တန်ခိုးအစွမ်းနဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ပျံနေတဲ့ ဗီဒီယိုမှတ်တမ်း’ ဆိုပြီး လုပ်ကြံဖြန့်ဝေခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။
သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။