မိုင်းဖုန်းဆရာတော် တရားကျင့်စဉ် ရောင်ခြည်တော်တွေ ထွက်ပေါ်တဲ့ မှတ်တမ်းဆိုတဲ့ သတင်းအမှား
မိုင်းဖုန်းဆရာတော် ဂူအတွင်းတရားကျင့်စဉ် ရောင်ခြည်တော်တွေ ထွက်ပေါ်လာတဲ့ မှတ်တမ်းဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မိုင်းဖုန်းဆရာတော် ဂူအတွင်းတရားကျင့်စဉ် ရောင်ခြည်တော်များ ထွက်ပေါ်လာတဲ့မှတ်တမ်း’ ဆိုပြီး ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်စစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ မိုင်းဖုန်းဆရာတော် ဂူအတွင်းတရားကျင့်စဉ် ရောင်ခြည်တော်များ ထွက်ပေါ်လာတဲ့မှတ်တမ်းဆိုတာ မပါဝင်ပါဘူး။
ဗီဒီယိုထဲမှာ မိုင်းဖုန်းဆရာတော်ရဲ့ တရားဟောတဲ့ အကြောင်းအရာတစ်ခုအကြောင်းနဲ့ အခြားမသက်ဆိုင်တဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
Strange Tv ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီလို ဘာသာရေးနဲ့ သဘာဝလွန်အကြောင်းအရာတွေကို မကြာခန လုပ်ကြံရေးသား ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ‘မိုင်းဖုန်းဆရာတော် တန်ခိုးအစွမ်းနဲ့ ကျိုက်ထီးရိုးတောင်ပေါ်ကို ပျံနေတဲ့ ဗီဒီယိုမှတ်တမ်း’ ဆိုတဲ့ အကြောင်း အရာအပြင် ‘မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် မိုင်းဖုန်းဆရာတော် ယှဉ်ပြိုင်တယ်’ ဆိုတဲ့ အကြောင်းအရာဆိုပြီး လုပ်ကြံဖြန့်ဝေခဲ့တဲ့ အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။
သတင်းအပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။