BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NDAA ဥပဒေအရ NUG ကို ဒေါ်လာသန်း၅၀...
သတင်းအတု

NDAA ဥပဒေအရ NUG ကို ဒေါ်လာသန်း၅၀ ပေးတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်ပြည်ထောင်စုက NDAA ဥပဒေအရ NUG အစိုးရကို ကိုဗစ် ရောဂါကာကွယ်ရန်အတွက် ဒေါ်လာသန်း ၅၀ တရားဝင်ပေးလိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  6 Jan 2022 10:58 AM IST
  • NDAA ဥပဒေအရ NUG  ကို ဒေါ်လာသန်း၅၀ ပေးတယ်ဆိုတဲ့ သတင်းအမှား

    မူရင်းဖြန့်ဝေမှုထဲမှာ THE DIPLOMAT မီဒီယာရဲ့ သတင်းတစ်ပုဒ်ကစာသားအချို့ကို ဖော်ပြကာ "US ရဲ့ NDAA ဥပဒေကြီး အသက်စဝင်လာပြီလို့ ပြောရတော့မယ်။ ၂၀၂၂ မှာစတင်ကျင့်သုံးရမဲ့ဥပဒေကြီးက၂၀၂၂ ထဲဝင်တယ်ဆိုရုံရှိသေး အလုပ်စလုပ်လာတာပါခင်ဗျ။ THE DIPLOMET မီဒီယာထဲမှာ ဒီမနက်တွေ့ရတဲ့သတင်း စာတစ်ပိုဒ်လုံးတော့ပြောမနေတော့ဘူး။ ကိုယ်ကြိုက်တဲ့ စာတစ်ကြောင်းကတော့ NUG ကို ကိုဗစ်ကာကွယ်ရန်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ဒေါ်လာသန်း ၅၀ တရားဝင်ပေးလိုက်ပါပြီ" လို့ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    အမေရိကန်အစိုးရရဲ့ နှစ်စဉ်အသုံးစရိတ်တွေကို လွှတ်တော်ကော်မတီက ပြဌာန်းတဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ပြုခြင်း အက် ဥပဒေ - NDAA ရဲ့ ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြဌာန်းချက်ထဲမှာ မြန်မာ့ဒီမိုကရေစီအရေးကို ပိုမိုတွန်းအားပေးလာနိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကူညီနိုင်ဖို့နဲ့ စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကိစ္စတွေပါဝင်ပြီး သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီအကြောင်းအရာကိုအခြေခံပြီးပြန်လည်ဖြန့်‌ဝေရာမှာတော့ အမေရိကန်က NUG အစိုးရကို ကန်ဒေါ်လာသန်းငါးဆယ်ထောက်ပံ့မယ်လို့သဘောရစေတဲ့ရေးသားမှုအဖြစ်ပြန်လည်ဖြန့်ဝေကြတာဖြစ်ပါတယ်။
    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    THE DIPLOMAT မီဒီယာက ဖော်ပြခဲ့တဲ့ သတင်းမှာ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan အနေနဲ့ အောက်တိုဘာလအတွင်းက NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဒေါ်လာသန်း ၅၀ ပေးတယ်ဆိုတဲ့အချက်အလက်တစုံတရာမပါဝင်ပါဘူး။ အောက်ပါပုံကို ကြည့်ပါ။ လက်ရှိဖြန့်ဝေမှုတဲ့သတင်း Screen shot မှာ ပါဝင်တဲ့ "It also gave the opposition National Unity Government (NUG) some $50 million in COVID-19 Vaccine" စာပိုဒ်ဟာ မူရင်းသတင်းထဲမှာပါဝင်ခြင်းမရှိပါဘူး။အောက်ပါပုံမှာပါဝင်တဲ့ပုံနှစ်ပုံမှာ ဘယ်ဖက်ပုံကတော့ လက်ရှိသန်းငါးဆယ်ရတယ်လို့ဖြန့်ဝေထားတဲ့ ပို့စ်ထဲကပုံဖြစ်ပြီး၊ ညာဖက်ကပုံကတော့ မူရင်းသတင်းက Screen shot ပုံစံဖြစ်ပါတယ် THE DIPLOMAT မီဒီယာမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖော်ပြခဲ့တဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    NDAA ဥပဒေNUG အစိုးရဒေါ်လာသန်း၅၀$50 millionNational Unity GovernmentTHE DIPLOMATNDAA lawThe US governmentအမျိုးသားညီညွတ်ရေးအစိုးရMilitary Coup Myanmar
    Read Full Article
    Claim :   အမေရိကန်ပြည်ထောင်စုက NDAA ဥပဒေအရ NUG အစိုးရကို ကိုဗစ် ရောဂါကာကွယ်ရန်အတွက် ဒေါ်လာသန်း ၅၀ တရားဝင်ပေးလိုက်တယ်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!