စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ သတင်းအတု စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် ကိုယ်တိုင် အကုန်ဖွင့်ချပြီ။ NLD ထိပ်ပိုင်း ဝန်ကြီးတစ်ဦးကို ချက်ခြင်း လွှတ်ပြီး ရာထူးလွှဲပေးမယ်လို့ ဒဲ့ကြေညာ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက မည်သူ့ကိူမှ လွတ်ပေးခြင်း အာဏာပြန်လွဲပေးခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။