ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ့်ရက် ကြေငြာတယ်ဆိုတာမဟုတ်ပါ
စစ်ကောင်စီက ဖမ်းစီးထိမ်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ့်ရက် ကြေညာပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ဒီရက်ပိုင်းထဲလူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ် တစ်ခုနဲ့ ဖေ့စ်ဘွတ်ပေ့ချ် ၃ ခု ခန့်ကနေ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံရယ်၊ ဒေါ်စုရဲ့ ရှေ့နေဖြစ်သူတွေပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာနေတဲ့ ဓါတ်ပုံတွေကို ပေါင်းစုဖော်ပြထားပါတယ်။ ဗီဒီယိုခေါင်းစဉ်အဖြစ်အသုံးပြုထားတဲ့ ဓါတ်ပုံပေါ်မှာ “၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ သတင်းထူး၊ အမေစုပြန်လွတ်လာမယ့်ရက် ကြေညာပြီ။ ပြန်လွတ်ဖို့ အကြောင်းဖန်လာပြီ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ့်ရက် ကြေညာလိုက်ပြီဆိုတဲ့ အကြောင်းအရာဟာ လူစိတ်ဝင်စားရုံသက်သက် လုပ်ကြံရေးသားထာတဲ့ သတင်းအတုသာဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၉ ခုနဲ့ တရားစွဲဆိုကာ မတရားထောင်ဒဏ်တွေ ချမှတ်ထားပြီး နေပြည်အချုပ်ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး လက်ရှိဖြန့်ဝေထားတဲ့ ပြန်လွတ်မယ်ဆိုတဲ့အခြေအနေမျိုးနဲံ သတင်းအစအနမျိုုးပင်လျင် ဒီဒီရက်ပိုင်းထဲထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။
ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ဟာ ာခင်ဖြန့်ဝေနေကျ မသက်ဆိုင်တဲ့ သတင်းတွေကိုတင်ထားတဲ့ ဗီဒီယိုသက်သက်မျိုးသာဖြစ်ပါတယ်။ ဒီ Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။