သရုပ်ဆောင် မိုးအောင်ရင်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲလိုက်တယ်ဆိုတဲ့ သတင်းအတု
ရုပ်ရှင် သရုပ်ဆောင် မိုးအောင်ရင်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲလိုက်တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို TikTok အကောင့်တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး မိုးအောင်ရင် ရဲ့ ဓါတ်ပုံတစ်ပုံရယ်၊ ရဲတွေက ၎င်းကို လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ Video တစ်ခုကို သုံးထားပြီး Video ပေါ်မှာ “မိုးအောင်ရင်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ထပ်မံဖမ်းဆီး” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ TikTok Video ကို like လုပ်ထားသူ ၉ ထောင်ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် မိုးအောင်ရင် နိုင်ငံရေး ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးခံရတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျထားရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ဖြစ်သူ နိုင်ငံရေး ပြုလုပ်ချင်းတွေ မရှိသလို နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရခြင်းလည်း မရှိပါဘူး။
မိုးအောင်ရင်ဟာ သူနေနေကြ ပုံစံအတိုင်း လူမှုကွန်ယက်ပေါ်မှာ ပုံတွေ Video တွေ တင်နေဆဲသာဖြစ်ပြီး မည်သည့်ပုဒ်မနဲ့မှ ထပ်မံဖမ်းဆီးခံရခြင်း မရှိပါဘူး။ သတင်းအမှား ဖြန့်သူတွေ သုံးထားတဲ့ Video ဖိုင်ဟာလည်း ၎င်း မူးယစ်ဆေးဝါဒမှုနဲ့ ဖမ်းခံရစဉ်က Video ဖိုင်သာ ဖြစ်ပါတယ်။
ဒီသတင်းအမှားဟာ ၎င်းတို့ Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ Video သာ ဖြစ်ပါတယ်။