BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ်စိုးဝင်း တပည့် ၃ ယောက်ကို...
သတင်းအတု

ဗိုလ်ချုပ်စိုးဝင်း တပည့် ၃ ယောက်ကို မင်းအောင်လှိုင်က အင်အားသုံးပြီးဖမ်းဆီးခိုင်းတယ်ဆိုတဲ့ သတင်းအတု

ဗိုလ်ချုပ်စိုးဝင်း တပည့် ၃ ယောက်ကို မင်းအောင်လှိုင်က အင်အားသုံးပြီးဖမ်းဆီးခိုင်းတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Jan 2024 9:26 PM IST
  • ဗိုလ်ချုပ်စိုးဝင်း တပည့် ၃ ယောက်ကို မင်းအောင်လှိုင်က အင်အားသုံးပြီးဖမ်းဆီးခိုင်းတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဝတ်စုံဝတ်ထားသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ ယနေ့ အထူးသတင်းကောင်း၊ စိုးဝင်းတပည့် (၃) ဦးကို မင်းအောင်လှိုင် အင်အားသုံးဖမ်းဆီးခိုင်း၊ စစ်ကောင်စီ အကြီးပိုင်းတွေ ထွက်ပြေးကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်ချုပ်စိုးဝင်း တပည့် ၃ ယောက်ကို မင်းအောင်လှိုင်က အင်အားသုံးပြီးဖမ်းဆီးခိုင်းတယ်ဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မဘသ အဖွဲ့တွေက မင်းအောင်လှိုင်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှု ထွက်ပေါ်ခဲ့တဲ့ ရက်ပိုင်းမှာ ဗိုလ်ချုပ်စိုးဝင်းကို ကာချုပ်ခန့်မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး သတင်းအမှားတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။

    စစ်ကောင်စီဗိုလ်ချုပ် စိုးဝင်းရဲ့ အရာရှိတွေ ဖမ်းဆီးခံရဖြစ်စဉ်မျိုးလည်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   စိုးဝင်းတပည့် (၃) ဦးကို မင်းအောင်လှိုင် အင်အားသုံးဖမ်းဆီးခိုင်း
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!