ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးတဲ့ သတင်းအမှား
စစ်ကောင်စီကချမှတ်တဲ့ သေဒဏ်စီရင်ချက်နဲ့ပတ်သက်ပြီးစိုးရမ်မှုတွေမြင့်တက်နေဆဲကာလမှာပဲ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ဇွန်လ ၁၆ ရက်နေ့ မနက် ၄ နာရီမှာ ကြိုးပေးတော့မယ် ဆိုတဲ့သတင်းအမှားပေါ်ထွက်ခဲ့ပြီး လူအများမပြားစိုးရိမ်ပူပန်ခဲ့ကြပါတယ်။

အဆိုပါ သတင်းအမှားကို Red News Agency ဆိုတဲ့ သတင်းဌာနက အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့ ဝန်ထမ်းတစ်ဦးထံက အတည်ပြုခဲ့တာလို့ ဆိုကာ အဆိုပါ သတင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ရေးသားထားရာမှာ "ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ" ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဝေမျှခဲ့တာဖြစ်ပါတယ်။ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တစ်ခုဖြစ်တဲ့ Fake News Check Community ဆိုတဲ့ ပေ့ချ်ကလည်း စစ်ကောင်စီတပ်တွေရဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ချက်တွေနဲ့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းတွေအရ ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို မနက် ၄ နာရီ ကြိုးပေးမယ်လို့ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုရေးသားခဲ့တဲ့ Red News Agency ဟာ သတင်းတစ်ပုဒ်လုံးမှာ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ ဌာနဆိ
ဒီအကြောင်းအရာကို တခြားသောသတင်းဌာနတစ်ချို့ကလည်း အဆိုပါ သတင်းနဲ့ လိုင်းပေါ်ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို အသုံးပြုပြီး သတင်းပြန်လည်ရေးသားပြီးဖြန့်ဝေခဲ့ကြပါသေးတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားဟာ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ လူပေါင်းသိန်းချီထိ ပျံ့နှံ့ခဲ့ပါတယ်။
သတင်းဆန်းစစ်ချက်
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို မနက် ၄ နာရီ အင်းစိန်ထောင်မှာ ကြိုးမိန့်ပေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီသတင်းကိုရေးသားခဲ့တဲ့ Red News Agency ဟာ သတင်းတစ်ပုဒ်လုံးမှာ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဆိုတဲ့ အမည်မဖေါ်တဲ့ သတင်းအရင်းမြစ်တစ်ခုထဲကိုသာ ကိုးကားဖေါ်ပြထားတာဖြစ်ပြီး သတင်းပျံ့နှံ့ပြီးညနေပိုင်းမှာတော့ သတင်းမှားယွင်းကြောင်း ကြေငြာခဲ့ပါတယ်။
ကိုဂျင်မီတို့ကို ကြိုးပေးတယ်ဆိုတဲ့ အကြောင်းအရာဟာ လွန်ခဲ့တဲ့ လတွေထဲက မကြာခဏ ဆက်တိုက်ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ ပါတ်ခန့်ထဲက အင်းစိန်ထောင်ရဲ့ ပြောရေးဆိုခွင့်ရ ဖြစ်တဲ့ အရာရှိတစ်ဦးက ၎င်းတို့ထံ မည်သည့် ညွှန်ကြားချက်မှ မရောက်သလို သတင်းအမှားဖြစ်တယ်လို့ ပြောခဲ့ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ ကျန်းမာရေး ကောင်းမွန်လျှက် ရှိတယ်လို့ ဖြေကြားခဲ့ပြီးသား ဖြစ်ပါတယ်။
ဇွန်လ ၁၅ ရက်နေ့ညက ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း အင်းစိန်ထောင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရွှေက ဒီအကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ကြောင်း ၎င်းတို့ထဲ မည်သည့် ညွှန်ကြားချက်မှ မရောက်ကြောင်း Myanmar Now သတင်းဌာနကို ဖြေကြားထားပါတယ်။
အင်းစိန်ထောင်က ယခင်ဖြေကြားထားတဲ့ သတင်းနဲ့ ဇွန်လ ၁၆ ရက် မနက်မှာ ဖြေကြားထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။