အင်းစိန်ထောင်ပေါက်ပြီး ထောင်သားတွေ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား
ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားတဲ့ အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထောင်ပွင့်ပြီး ထောင်သားအားလုံး ထွက်ပြေးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြဟ်ပြီး ၉ မိနစ်နီးပါးကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့အတူ "အင်းစိန်ထောင်ပေါက်ကွဲ ထောင်သားတွေ အကုန်ထွက်ပြေး" ဆိုတဲ့ ခေ်င်းစဉ်တပ်ကာရေးသားဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေမှုထဲက ရုပ်သံဖိုင်ကို ကြည့်ရှု့ရာ အင်းစိန်ထောင်ပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ သတင်းခေါင်းစဉ်နဲ့ မကိုက်ညီတဲ့ တခြားအကြောင်းအရာတွေကို ထည့်သွင်းဖော်ပြထားတာပါ။ဇန်နဝါရီ ၂၈ ရက် နေ့လည် ၁၂ နာရီကျော်က အင်းစိန်အကျဉ်းဦးစီးဌာန ဝင်ပေါက်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်ဆိုပေမယ့် လူထိခိုက်မှုမရှိကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဗုံးပေါက်ကွဲမှုမှာ အုတ်တံတိုင်းခြံစည်းရိုးနဲ့ ရထားသံလမ်းကြား ခြုံပုတ်အတွင်းမှ ပေါက်ကွဲခဲ့တာသာဖြစ်ပြီး လူနဲ့ ပစ္စည်းထိခိုက်မှု မရှိကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားတယ်လို့ Myanmar Chronicle သတင်းဌာနမှာ ဖော်ပြထားပါတယ်။သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။