စစ်ကောင်စီဒုဗိုလ်ချုပ် စိုးဝင်း စနိုက်ပါမိပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်ချုပ်စိုးဝင်း စနိုက်ပါ မိပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ စစ်ကောင်စီဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေငြာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံရယ်၊ တစ်ခြားရှုပ်ထွေးနေတဲ့ ဓါတ်ပုံ ၂ ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဆင်ဖြူရှင် စစ်ဆင်ရေး ဦးဆောင်ချီတက်လာတဲ့ ဒုချုပ်စိုးဝင်း စနိုင်ဘာထိပြီး သေဆုံးမှုကြီး။ စစ်တပ်တစ်ခုလုံး ပျက်သုန်း၊ အကုန်လက်နက်ချ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၁၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်အချုပ်ထောင်နဲ့ မြို့မရဲစခန်းကို သိမ်းပိုက်ကာ နိုင်ခဲ့တယ်လို့ NUG က အတည်ပြုခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဒုချုပ် စိုးဝင်းဟာ သေဆုံးခြင်းလည်း မရှိသလို စနိုက်ပါ ထိမှန်ခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။