ဒီ Drone ဓါတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ
လွတ်မြောက်နယ်မြေတွေကို Drone တွေ ရောက်ရှိနေသယောင်ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေကို တခြားနိုင်ငံကဓါတ်ပုံတွေနဲ့ ရောနှောဖြန့်ဝေမှုတွေရှိနေပါတယ်။
အဆိုပါ သတင်းအမှားဟာ အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံနှံ့လာတာဖြစ်ပြီး အဲ့ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံ ၄ ပုံခန့်ကို အသုံးပြုထားပြီး "လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရ" ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေကြတာဖြစ်ပါတယ်။
၎င်းအသုံးပြုထားတဲ့ ဓါတ်ပုံ ၄ ပုံမှာ ယာတီတဲထိုးထားပြီး ကား ၃ စီးခန့်ရပ်ထားက Drone ပစ္စည်းတွေ ချထားတဲ့ပုံဖြစ်ပါတယ်။ ဒုတိတစ်ပုံမှာတော့ Drone ပျံဖို့ အဆင်သင့်ပြင်ထားတဲ့ပုံဖြစ်ပါတယ်။ တတိယပုံနဲ့ စတုထ္တပုံတွေမှာတော့ Drone က အမြင့်ကိုပျံပြီး လှမ်းရိုက်ယူထားတဲ့ ပုံတွေ ဖြစ်ပါတယ်။
မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်တွေက ထပ်ဆင့်ဝေမျှနေသလို ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ထိန်းချုပ်နယ်မြေတွေကို Drone တွေ ရောက်ရှိနေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Drone အသုံးပြုသူတွေရှိတဲ့ Faecbook Group တစ်ခုပေါ်တင်ထားတဲ့ ဓါတ်ပုံတွေကိုပြန်ယူပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။
အဆိုပါ ဓါတ်ပုံတွေဟာ "Fixed Wing Drone, VTOL Drone ,Dual Zoom Camera Mapping Surveillance" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ တောမီးလောင်ကျွမ်မှုတွေ ထိန်းချုပ်ဖို့ ထောက်လှမ်းနိုင်တဲ့ ကင်မရာ ၂ လုံးပါဝင်တဲ့ Drone ကို ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။
Drone တွေ စမ်းသပ်ပျံသန်းကြောင်း မူရင်းတင်ထားတဲ့ အကြောင့်အရာကို ဒီမှာ ကြည့်ပါ။
ဒီပုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံက ထိန်းချုပ်နယ်မြေတွေကို Drone တွေရောက်နေပြီလို့ သတင်းအမှား ဖြန့်ထားကြတာ ဖြစ်ပါတယ်။