ချင်း PDF တွေက ရွာသားတွေကို မောင်းထုတ်သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအမှား
ပြီးခဲ့တဲ့မတ်လအတွင်းက ရိုက်ကူးထားတဲ့ ဓါတ်ပုံအေဟောင်းတွေကိုအသုံးပြုပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရွာသားတွေကို မောင်းထုတ်သတ်ဖြတ်နေတယ်ဆိုကာ လှည့်ဖြားဖြန့်ဝေနေတဲ့ သတင်းတုတွေ ဒီရက်ပိုင်းထဲထွက်ပေါ်ခဲ့ပါတယ်။
ဒီအကြောင်းအရာတွေကို နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ကလေးငယ်တွေပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုကာ "ချင်းCDFအကြမ်းဖက်များက ရွာသားများအား မောင်းထုတ်.သတ်ဖြတ်နေကျ" ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။ စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ဂရုတွေမှာ အဓိက ဖြန့်ဝေနေတဲ့ ဒီသတင်းအမှားတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တကယ်တော့ ခုဖြန့်ဝေနေတဲ့ ပုံတွေဟာ မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးစစ်ဘေးရှောင်တဲ့ ကရင်ပြည်နယ်ကကလေးငယ်တွေရဲ့ပုံတွေပဲ ဖြစ်ပါတယ်။အောက်ဖော်ပြပါပုံမှာလည်း ဓါတ်ပုံရိုက်ကူးတဲ့ ရက်စွဲ ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဆိုတာလည်း ပါရှိနေတာကို တွေ့မြင်နိုင်ပါတယ်။
မတ်လအတွင်းက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးစစ်ဘေးရှောင်တဲ့ ဒုက္ခသည် အယောက် နှစ်ထောင်ခန့်ဟာ မြန်မာနိုင်ငံကိုပြန်ဖို့ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးတာကိုလည်း ခံခဲ့ရပါတယ်။ ဒီသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။