UEC ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေနှုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းအမှား
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နှုတ်ထွက်စာတင်တယ်ဆိုတဲ့အကြောင်းအရာဟာသတင်းအမှားသာဖြစ်ပါတယ်။
ဒီရေးသားဖြန့်ဝေမှုတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည်မှ စတင်ဖြန့်ဝေမှုတွေပြုလုပ်လာတာဖြစ်ပြီး "UEC ကော်မရှင်းမှ ခေါင်းဆောင်အပါဝင် အဖွဲ့ဝင် ၆ ဦးထက်မနဲ နှုတ်ထွက်စာတင်ကြောင်းနဲ့ တပ်မတော်မှ မဲစာရင်းစာရွက်တွေ စုံစမ်းစစ်ဆေးမှာဖြစ်လို့ ကြိုတင် ထွက်စာတင်တဲ့အသွင် ရေးသားထားတာပါ။ မဲစရင်းစာရွက် စာတမ်းတွေကို ဖြောက်ဖျက်ပစ်ပါက နိုင်ငံတော်အာဏာ လိမ်လည်ရယူမှု၊ နိုင်ငံတော် လုံခြုံရေး ကျိုးပေါက်စေရန် ရည်ရွယ်မှုနဲ့ အခြေခံဥပဒေပါ ဥပဒေကြောင်းအရ -အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆၈ နှစ်မှ ၉၀ နှစ်ထိ ချမှတ်နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ရေးသားထားမှုတွေပါဝင်ပါတယ်။
ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီဖြန့်ဝေမှုတွေဟာ သတင်းတု၊ သတင်းမှားတွေသာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည်က ထုတ်ပြန်ကြေငြာထားပါတယ်။
ထုတ်ပြန်ကြေငြာချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။