မကြာခန လိမ်လည်နေတဲ့ ဆမ်ဆောင်းဖန်အမည်ခံ ဖေစ့်ဘွတ်ပေချ့်
ဆမ်ဆောင်းရဲ့ နှစ်ပတ်လည်နေ့၊ မွေးနေ့ အထိမ်းအမှတ်အဖြစ် Samsung ဖုန်းပေးမယ် ငွေးပေးမယ်ဆိုကာ ပိုစ့်တွေ၊ ပေချ့်တွေကို like နဲ့ share ပြုလုပ်ခိုင်းပြီး လိမ်လည်နေမှုတွေ မကြာခန ဖြစ်ပေါ်နေပါတယ်။
𝑺 𝑨 𝑴 𝑺 𝑼 𝑵 𝑮 𝑭 𝑨 𝑵 𝑺 m ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ပြီးခဲ့တဲ့ စတင် ဖန်တီးပြီး ၂၄ နာရီ မပြည့်မီမှာ like လုပ်ထားသူနဲ့ follower ခုနှစ်ရာနီးပါး ရှိနေပါတယ်။ ဒီပေချ့်မှာ တင်ထားတဲ့ ပိုစ့်ပေါင်း ၃ ခု သာ ရှိပါတယ်။ ပိုစ့်တွေမှာ ဆမ်ဆောင်းဖုန်းတွေ အခမဲ့ ပေးသွားမယ့် ပုံစံရေးသားထားပြီး အောက်မှာ နံပါတ်တွေ၊ အရောင်တွေ မှတ်ချက်ပေးခိုင်းထားတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ 'ယခုအချိန်အထိ ပုံနံပါတ်ကို မှန်ကန်စွာဖြေဆို နိုင်ခြင်းမရှိသေးပါ။ ယနေ့ကျွန်ုပ်တို့သည်မှန်ကန်စွာဖြေဆိုသူတို င်းအတွက်စျေးဝယ်ကူပွန်များကိုပေးပါသည်။ မှတ်ချက် - ကံထူးရှင်များကို Messenger က်အကြောင်း ကြားပါမည်' ဆိုပြီးရေးသားထားပါတယ်။
အခြားပိုစ့်တစ်ခုမှာတော့ 'Samsung ၏ 86 နှစ်မြောက် အထိမ်းအမှတ်အဖြစ် @Samsung သည် ကျွန်ု ပ်တို့၏ page တွင် congratulations ရေးသူတိုင်းထံသို့ 700 မိုဘိုင်းလ်ဖုန်းအသစ် 700 စ်ပါသည်' လို့ ရေးသားဖြန့်ဝေ ထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အဆိုပါ ကံစမ်းမဲ ပေးမယ်ဆိုတဲ့ ပိုစ့်တွေကို လူပေါင်း ထောင်ကျော်က ထပ်ဆင့်ဖြန့်ဝေနေကြတာဖြစ်ပြီး အချို့ပိုစ့်တွေရဲ့ အောက်မှာ မှတ်ချက်ပေးမှုပေါင်း တစ်ရက်အတွင်း သုံးထောင်နီးပါးထိ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာရေးသားထားပဲ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ Samsung ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မဟုတ်သလို Samsung ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း ဒီလိုကံစမ်းမဲပေးမယ်ဆိုတဲ့ အကြောင်း ကြေညာထားတာ မရှိပါဘူး။
ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာ ချိန်မှာ တခြားစီးပွားရေး တခုခု ပြုလုပ် ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။
Samsung ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ယခင်ကလည်း အခုလိုဖြစ်စဉ်နဲ့ ပုံစံတူ ဆမ်ဆောင်းဖုန်းပေးမယ်ဆိုတဲ့ လိမ်လည်မှုတွေ၊ ကိုကာကိုလာ ကုမ္ပဏီက ကားကံစမ်းမဲ့ ဖောက်ပေးမယ်ဆိုပြီး လိမ်လည်တာတွေ ရှိခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။
ဒီနေ့ရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာနေတဲ့ ဖေစ့်ဘွတ်ပေချ့်သာ ဖြစ်ပါ တယ်။
ဒီဖေစ့်ဘွတ်ပေချ့်တွေဟာ ဖုန်း လက်ဆောင်ပေးမယ်၊ ငွေပေးမယ်၊ ကားပေးမယ်ဆိုပြီး ဆွဲဆောင်ကာ ပိုစ့်အောက်မှာ မှတ်ချက်တွေ ရေးခိုင်းပြီး ဖော်လိုဝါရှာနေတဲ့ ဖေစ့်ဘွတ်အတုတွေပဲ ဖြစ်ပါတယ်။
အချို့လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အွန်လိုင်းအသုံးပြုသူတွေရဲ့ အချက်အလက်တွေ လိမ်ညာတောင်းခံမှုတွေ လည်း ရှိနေပါတယ်။