အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ရခိုင်ငွေကြေးပုံတွေက တကယ့်အစစ်လား
ရခိုင်နိုင်ငံတော်ပေါ်ပေါက်ဘို့အတွက် လိုအပ်တဲ့လုပ်ငန်းတွေ စပြီးလုပ်နေတယ်ဆိုပြီး အာရက္ခနိုင်ငံတော် အမျိုးသားဘဏ် စာသားပါ ငွေစက္ကူပုံတွေ ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
ဒီပိုစ့်ကို တပ်တော်သားချေ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ရခိုင်ပြည်နယ်သတင်းဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
"မကြာခင် ရခိုင်နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းဖို့အတွက် လိုအပ်တဲ့လုပ်ငန်းတွေကို စပြီးလုပ်နေတယ်။ ပြည်သူလူထုလည်း စည်းစည်းလုံးလုံးပါဝင်ကြပါ။ ရခိုင်နိုင်ငံတော် ပေါ်လစီ" လို့ ရေးသားထားတဲ့ ပိုစ့်မှာ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပုံပါ ငွေစက္ကူ ၁၀၀ တန်၊ ၅၀ တန်နဲ့ ၂၀ တန် ဒီဇိုင်းသုံးမျိုးပါဝင်တာ တွေ့ရပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနတဲ့ ပိုစ့်ပါ ပုံတွေထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပုံပါဝင်တဲ့ ငွေစက္ကူပုံ သုံးမျိုးပါဝင်ကာ အမရေိကန်ဒေါ်လာ နဲ့ တရုတ်ယွမ်ေွငစက္ကူ ပုံစံတွေကို တုပပြုလုပ်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်ပါ။
နောက်ထပ် ၂၀ တန် ငွေစက္ကူ ပုံကို ပြင်ထားတာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပုံသာပြောင်းထားပြီး တရုတ်စာများပါတဲ့ ယွမ်ငွေစက္ကူ သာ ဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်ပါ။
ဘယ်ဘက်မှာ ပြသထားတဲ့ ပုံမှာ ဖြန့်ဝေမှုထဲမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံပါ တရုတ်စာတွေ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူ ပုံဖြစ်ပြီး ညာဘက်က ပုံမှာ တရုတ်ငွေစက္ကူ ပုံဖြစ်ပါတယ်။ ဒီပုံနှစ်ပုံကို သေချာကြည့်ပါက ဒီဇိုင်းပိုင်းအပါအဝင် ရေးသားထားတဲ့ စာတွေကအစ တူနေတာ တွေ့ရပါတယ်။
ဒါကြောင့် ခုဖြန့်ဝေနေတဲ့ ပိုစ့်မှာပါဝင်တဲ့ အာရက္ခနိုင်ငံတော် ဒင်္ဂါး ငွေစက္ကူ ဆိုတာ ဒီဇိုင်းဆွဲပြီး ပုံထုတ်ရုံသာ ပြုလုပ်ထားတာ ဖြစ်ပြီး တကယ့်ငွေစက္ကူအစစ်များ မဟုတ်ပါဘူး။