ကိုကာကိုလာ ကံစမ်းမဲအတု
Coca-Cola Myanmar က ပြုလုပ်တဲ့ ကံစမ်းမဲပုံစံနဲ့ လိမ်ညာပြီး ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေခိုင်းကာ သူတို့ရဲ့ ြဖေစ့်ဘွတ်ပေချ့် ကို like နဲ့ follow လုပ်ခိုင်းနေမှုတွေ ရှိနေပါတယ်။
ကိုကာကိုလာ ကံစမ်းမဲအစီအစဉ်အတုကို Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကနေ ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ဖြန့်ဝေနေတာပါ။
ဖြန့်ဝေရာမှာ မော်ဒယ်မြင့် ကားတစ်စီးပုံနဲ့အတူ ‘684 မှလွဲ၍ အခြားကိန်းဂဏန်းများကို ရှာဖွေပြီး ဆုလက်ဆောင်များရယူပါ။
ယခု Post ကို Group သုံးခုတွင် Share ရန် လိုအပ်သည်။ ကံထူးရှင်များကို သိနိုင်ဖို့ ကျွန်ုပ်တို့၏ Page ကို Follow လုပ်ခဲ့ပါ’ လို့ ရေးသား ဖြန့်ဝေထားတာပါ။
အချို့ပိုစ့်တွေမှာလည်း ‘Coca Cola ၏ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းမှာ ပါဝင်လိုက်ပါ’ လို့ အများပြည်သူ ယုံကြည်အောင် ပြောဆို ဖြန့်ဝေထားပါသေးတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတာတွေဟာ မသမာသူတွေက အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးပြီး သူတို့ ဖေစ့်ဘွတ်ပေချ့်တွေ follower တိုးအောင် like လုပ်သူတိုးအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
Coca-Cola Myanmar ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ အခုလိုပြုလုပ်နေတဲ့ ပရိုမိုးရှင်းအစီအစဉ်ရှိမနေပါဘူး။ ဒါ့အပြင် Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကို Coca-Cola Myanmar ရဲ့ ပိုစ့်တစ်ခုအောက်မှာ မှတ်ချက်ပေးမေးမြန်းထားတာကိုလည်း မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းထားတာ တွေ့ရမှာပါ။
Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ အစောဆုံးပိုစ့်ကို ဧပြီလ ၂၀ ရက်နေ့မှာ စပြီးတင်ထားတာ တွေ့ရပေမယ့် ဒီပေချ့်ကို like လုပ်ထားသူ သုံးထောင်နီးပါးနဲ့ Follow လုပ်ထားသူ လေးထောင်ကျော်ရှိနေပါတယ်။ သူတို့ရဲ့ ပိုစ့်တွေမှာ reaction တွေ ထောင်ကျော်ရှိနေပြီး ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဒီလိုဖေစ့်ဘွတ်ပေချ့်တွေဟာ follower နဲ့ like ပြုလုပ်ပြီး သတ်မှတ်ချက်အရေအတွက်ကို ရောက်ရှိတာနဲ့ ပေချ့်နာမည်ပြောင်းပြီး အခြားသူထံ လက်လွှဲရောင်းချတာမျိုး သို့မဟုတ် အခြားအကျိုးစီးပွားတစ်ခုခုအတွက် အသုံးပြုတာမျိုးတွေ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။
Coca-Cola Myanmar ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။