နွားတပိုင်း ငါးတပိုင်းဆိုပြီး ဖြန့်ဝေနေတဲ့ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်
နွားရဲ့ ဦးခေါင်းနဲ့ ဖျံကိုယ်လုံးအဖြစ် AI နည်းပညာနဲ့ ဖန်တီးထား ဗီဒီယိုဖိုင်တစ်ခုကိုထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို နိုင်ငံတကာက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဒီလအစောပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး မြန်မာနိုင်ငံက အသုံးပြုသူတွေကြားမှာလည်း ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဖြန့်ဝေရာမှာ နွားရဲ့ ဦးခေါင်းနဲ့ ဖျံကိုယ်လုံးဖြစ်နေတဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို ရိုက်ကူးထားတဲ့ ကြာချိန် ၁၄ စက္ကန့်သာ ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဖားတပိုင်း ငါးတပိုင်းယာကြားဖူးရေ။ နွားတပိုင်း ငါးတပိုင်းမကြားဖူးကာ ဇာကောင်မှန်းလဲမသိ' လို့ ရေးသားဖြန့်ဝေထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှူ့သူ ၃ သန်းခွဲရှိနေပြီး ဖြန့်ဝေမှုပေါင်း သုံးသောင်းနှစ်ထောင်ကျော် ရှိနေပါတယ်။
နွားရဲ့ ဦးခေါင်းနဲ့ ဖျံကိုယ်လုံး ဗီဒီယိုဖိုင်ကို ဖေစ့်ဘွတ်၊ Threads နဲ့ Youtube ချန်နယ်တွေမှာ အလွန်အကျူး ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး စာရေးပြီး ပြန်လည် ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒိုယိုဖိုင်ဟာ king.efrin ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူပြီး လူအများစိတ်ဝင်စားမယ့် အရေးအသားတွေနဲ့ ပြန်လည်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။
ဒီ TikTok အကောင့်မှာ တိရစ္ဆာန်အမျိုးမျိုးရဲ့ မျက်နှာတွေနဲ့ တခြားသတ္တဝါကိုယ်လုံးတွေ ရောထွေးဖန်တီးထားတဲ့ ဗီဒီယိုဖိုင် အများအပြားလည်း ရှိနေပါတယ်။
အောက်ပါပုံ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီ TikTok အကောင့်ထဲမှာ ကြောင်မျက်နှာနဲ့ ငှက်ကိုယ်လုံး၊ ဝက်မျက်နှာနဲ့ ငါးကိုယ်လ်လုံး၊ ဖျံကိုယ်လုံးနဲ့ နွားမျက်နှာ စတဲ့ သတ္တဝါအများအပြားကို AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကို တွေ့နိုင်ပါတယ်။
king.efrin ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။