နွားတစ်ကောင် စက်ဘီးစီးနေတာလား
AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို အသုံးပြုပြီး နွားတစ်ကောင် စက်ဘီးစီးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို နိုင်ငံတကာက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး မြန်မာနိုင်ငံက အသုံးပြုသူတွေကြားမှာလည်း ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဖြန့်ဝေရာမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်တဲ့ နွားတစ်ကောင် စက်ဘီးစီးနေတဲ့ ဗီဒီယိုကလစ်တစ်ခုကို အသုံးပြုပြီး 'စက်ဘီးစီးနေတဲ့ နွားမကြီး။ စက်ဘီးစီးနေတဲ့ နို့စားနွားမကြီး' လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာ စကားနဲ့ ရေးသားဖြန့်ဝေနေတာပါ။
ဒီအကြောင်းအရာကို ဖေစ့်ဘွတ်၊ Threads နဲ့ Youtube ချန်နယ်တွေမှာ အလွန်အကျူး ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒိုယိုဖိုင်ဟာ king.efrin ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူပြီး လူအများစိတ်ဝင်စားမယ့် အရေးအသားတွေနဲ့ ပြန်လည်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။
ဒီ TikTok အကောင့်မှာ တိရစ္ဆာန်အမျိုးမျိုးရဲ့ မျက်နှာတွေနဲ့ တခြားသတ္တဝါကိုယ်လုံးတွေ ရောထွေးဖန်တီးထားတဲ့ ဗီဒီယိုဖိုင် အများအပြားလည်း ရှိနေပါတယ်။
အောက်ပါပုံ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီ TikTok အကောင့်ထဲမှာ ကြောင်မျက်နှာနဲ့ ငှက်ကိုယ်လုံး၊ ဝက်မျက်နှာနဲ့ ငါးကိုယ်လ်လုံး၊ ဖျံကိုယ်လုံးနဲ့ နွားမျက်နှာ စတဲ့ သတ္တဝါအများအပြားကို AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကို တွေ့နိုင်ပါတယ်။
king.efrin ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။