အဆိုပါ အကြောင်းအရာကို နိုဝင်ဘာလ ၂၃ ရက်နေ့က လူမှုကွန်ယက်ပေါ်မှာ စတင်ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး အဆိုပါပို့စ်မှာ ၅ စက္ကန့်သာ ကြာမြင့်တဲ့ ယာဉ်တိုက်မှု Video တစ်ခုကို ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်း Video ထဲမှာ အရှိန်နဲ့ မောင်းလာတဲ့ အိမ်စီးကား တစ်ဦးနဲ့ ကုန်တင်ကားတစ်စီးက ခေါင်းချင်းဆိုင်တိုက်မိသွားတဲ့ဖြစ်စဉ်တစ်ခုပါဝင်ပါတယ်။
ဒီဗီဒီယိုနဲ့အတူ စာရေးသားဖြန့်ဝေရာမှာ မြန်မာနိုင်ငံ ဆောမြို့မှာ ဗျူဟာမှူးကားကို ပြည်သူတစ်ဦးက အသေခံပြီး ဝင်တိုက်ခဲ့တာလို့ ရေးသားပြီး Tik Tok Video အဖြစ်ပြုလုပ်ကာ ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။မူရင်းရေးသားမှုထဲမှာ "ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့် အမိုက်ခံဝင်တိုက် ဗျူဟာမူးအပါဝင်လေးဦးသေ၊ လေးစားပါတယ်" လို့ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ Video ကို ထပ်ဆင့်ဝေမျှသူ ထောင်ချီရှိနေပြီး ဝင်ရောက်ကြည့်ရှုသူ သိန်းချီရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဆောမြို့မှာ ဗျူဟာမှူးကားကို ပြည်သူတစ်ဦးက အသေခံဝင်တိုက်ခဲ့တယ် ဆိုတဲ့ ရုပ်သံဟာ တကယ်တော့ပြည်တွင်းကဖြစ်စဉ်မဟုတ်ပါဘူး။ နိုင်ငံခြား တိုင်းပြည်တစ်ခုက YouTube ပေါ်မှာ ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်ဖို့ ပညာပေး ဖြန့်ဝေနေတဲ့ Video ဖြစ်တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံက မဟုတ်သလို ဆောမြို့မှာ ဗျူဟာမှူးကားကို အသေခံဝင်တိုက်ထားတဲ့ Video မဟုတ်ပါဘူး။ YouTube ပေါ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ စတင်ဖြန့်ဝေခဲ့တဲ့ Video ဖြစ်ပြီး မြန်မာပြည်မှာ ၁ ပါတ်ခန့်အကြာ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။
YouTube ပေါ်က မူရင်း ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။