HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြင်းစီးရုပ်တုနဲ့ သက်ဆိုင်တဲ့ အယူအဆအလွဲ

နိုင်ငံအတွက် အရေးပါသူတွေရဲ့ မြင်းစီးရုပ်တုတွေ ထုလုပ်တဲ့အခါမှာ မြင်းရဲ့ ခြေထောက်အနေအထားတွေဟာ မြင်းပေါ်ကလူ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို ပြသတယ်ဆိုတဲ့အကြောင်း ရေးသားဖြန့်ဝေနေတာတွေဟာ အယူအဆအလွဲတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Feb 2023 10:56 AM IST

ဒီအကြောင်းအရာကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုထပ်မံပြီး G i r l ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ညပိုင်းမှာ ပြန်လည်ဖြန့်ဝေခဲ့ရာ ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

ဖြန့်ဝေရာမှာ ‘မြင်းရုပ်ထုနဲ့ အဓိပ္ပာယ် အစကမသိခဲ့ဘူး’ လို့ ရေးသားကာ မြင်းရုပ်ထု ပုံတွေပေါ်မှာ မြင်းရဲ့ ခြေလေးဖက်လုံး မြေပြင်နဲ့ ထိပ်နေပါက မြင်းပေါ်က ပုဂ္ဂိုလ်မှာ သာမန်သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကြောင့် သေဆုံးသူဖြစ်ကြောင်း၊ မြင်းရဲ့ရှေ့ခွာ တစ်ခုအသာထောက်ထားပြီး ဦးခေါင်းမော့ထားလျှင် မြင်းပေါ်က ပုဂ္ဂိုလ်ဟာ တိုက်ပွဲဒဏ်ရာဖြင့် ပြင်ပတွင် သေဆုံးသူဖြစ်ကြောင်း၊ မြင်းရဲ့ ရှေ့ခြေနှစ်ဖက်လုံး လေပေါ်မြှောက်နေပါက မြင်းပေါ်က ပုဂ္ဂိလ်ဟာ တိုက်ပွဲအတွင်း သေဆုံးသူဖြစ်ကြောင်းနဲ့ မြင်းရှေ့ခွာတစ်ခုကို အသာမြှောက်ထားပြီး ဦးခေါင်းအောက်စိုက်ထားပါက မြင်းပေါ်က ပုဂ္ဂိလ်ဟာ လုပ်ကြံခံရတာဖြစ်ကြေင်း ရေးသားကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်းစီးရုပ်တုကိုပါ ထည့်သွင်း ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြင်းစီးရုပ်တု ပက်သက်တဲ့ ဒီအယူအဆတွေကို အနောက်နိုင်ငံတွေနဲ့ အမေရိကန်လို နိုင်ငံတွေမှာတောင် ဒဏ္ဍာရီလိုလို ယုံကြည်ပြီး ဖြန့်ဝေနေကြတာတွေ ရှိပါတယ်။ဒီအယူအဆလွဲတွေကို မယုံကြဖို့ Facebook မပေါ်ခင်ကတည်းက နိုင်ငံတကာက မီဒီယာကြီးတွေမှာ ထောက်ပြပြောဆို ထားတာတွေ ရှိပါတယ်။

ဒီအယူအဆတွေဟာ မှားယွင်းနေတယ်ဆိုတာကို နိုင်ငံတကာက သတင်းအမှားတွေကို ဆန်းစစ်ထောက်ပြတဲ့ Snopes မီဒီယာမှာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဖော်ပြခဲ့ဘူးပါတယ်။ Snopes ရဲ့ သတင်းဆန်းစစ်ချက်ထဲမှာ မြင်းစီးရုပ်တုနဲ့ ပက်သက်ပြီး အခုဖြန့်ဝေနေတာတွေဟာ အယူအဆလွဲတွေသာဖြစ်ပြီး ရှိခဲ့တဲ့ ရုပ်ထုတွေဟာလည်း ဒီအယူအဆနဲ့ ကိုက်ညီနေတာတွေ ရှိသလို မကိုက်ညီတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန်မှာ မြင်းစီးရုပ်တုအများဆုံးရှိတဲ့ ဝါရှင်တန်ဒီစီက ရုပ်တုတွေကို ကြည့်ရင် ဒီအယူအဆနဲ့ ရုပ်တု ၃၀ မှာ ၁၀ ခုလောက်ပဲ ကိုက်ညီနေတာကို တွေ့ရမယ်လို့ ဆိုပါတယ်။

Snopes က ဒီအယူအဆနဲ့ ကိုက်ညီနေတဲ့ ရုပ်တု ၁၀ ခုနဲ့ မကိုက်ညီတဲ့ ရုပ်တု ၉ ခုအကြောင်းကို ဥပမာအနေပေး ရေးသားဖော်ပြထားပါတယ်။

ဖော်ပြထာတဲ့အထဲမှာ အချို့မှာ သာမန်သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကြောင့် သေဆုံးသူဖြစ်သော်လည်း သူ့ရဲ့အထိမ်းအမှတ် မြင်းရုပ်မှာ ခွာတစ်ဖက် မြှောက်ထားတာမျိုးဖြစ်နေကြောင်း၊ အချို့မှာ ခွာနှစ်ဖက်လုံး လေထဲရောက်နေတာမျိုးတွေ ဖြစ်ပြီး အယူအဆနဲ့ လွဲနေကြောင်း ရေးသားထားပါတယ်။

ရုပ်ထု၏ အနေအထားနှင့် ကိုယ်ဟန်အနေအထားဟာ ဘယ်လိုအဓိပ္ပါယ်မှ မသက်ဆိုင်ဘူးလို့ ဗာဂျီးနီးယား သမိုင်းဆိုင်ရာ အဖွဲ့အစည်းမှ ပြတိုက်မှူး Frances Pollard က ပြောကြားခဲ့ကြောင်း Snopes မှာ ဖော်ပြထားပါတယ်။

Snopes မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Londonist ဆိုတဲ့ မီဒီယာမှာ ရေးသားဖော်ပြခဲ့တဲ့ လန်ဒန်က မြင်းစီးရုပ်တုတွေ ရှေးအယူအဆတွေကို လိုက်နာရဲ့လား ဆိုတဲ့ ဆောင်းပါးမှာလည်း ဒီအယူအဆနဲ့ ကိုက်ညီတဲ့ ရုပ်တုတွေ ရှိသလို မကိုက်ညီတာတွေလည်း ရှိတယ်လို့ ရေးသားထားပါတယ်။

ဆောင်းပါးမှာ လန်ဒန်က မြင်းစီးရုပ်တု ၁၅ ခုထက် မနည်း ဖော်ပြထားပြီး ဒီထဲက ကိုက်ညီတာတွေနဲ့ မကိုက်ညီတာတွေကို မှန်၊ မှား အမှတ်နဲ့ ပြသထားပါတယ်။


လန်ဒန် Charing Cross မှာရှိတဲ့ Charles I ရုပ်တုမှာ မြင်းက ခွာတစ်ဘက်မြှောက်ထားတဲ့ ပုံဖြစ်ပေမယ့် ဘုရင် ချားလ်ဟာ တိုက်ပွဲဒဏ်ရာကြောင့် သေဆုံးခဲ့တာ မဟုတ်ပဲ ကွပ်မျက်ခံရပြီး သေဆုံးခဲ့တာသာ ဖြစ်ပါတယ်။

ဆောင်းပါးထဲမှာ အခြား ဥပမာပေးထားတဲ့ ရုပ်တုတွေဖော်ပြထားပြီး ရှေးအယူအဆတွေနဲ့ ကိုက်ညီတာတွေရှိသလို မကိုက်ညီတာတွေလည်း ရှိကြောင်း ထောက်ပြထားပါတယ်။

ဆောင်းပါး အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်းစီးရုပ်တု တစ်ခုတည်းမှာကို ဒီအယူအဆနဲ့ ကိုက်ညီတဲ့ ရုပ်တုရှိသလို မကိုက်ညီတဲ့ ရုပ်တုတွေလည်း ရှိနေတာ တွေ့ရပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


အထက်ပါပုံကိုကြည်ရင် ဘယ်ဘက်က ရုပ်တုပုံဟာ ပြည်မြို့က ဗိုလ်ချုပ်ကြေးရုပ်ပုံဖြစ်ပြီး ရုပ်တုဟာ အခုဖြန့်ဝေနေတဲ့ အယူအဆနဲ့ ကိုက်ညီနေတာတွေ့ရပေမယ့် ညာဘက်က ရုပ်တုပုံမှာတော့ ကိုက်ညီမှုမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်မြို့က ဗိုလ်ချုပ်ရုပ်တုဟာ မြင်းရှေ့ခွာတစ်ခုကို အသာမြှောက်ထားပြီး ဦးခေါင်းအောက်စိုက်ထားတဲ့အတွက် လုပ်ကြံခံရတာဖြစ်ပြီး တောင်ကြီးက ဗိုလ်ချုပ်ရုပ်တုမှာတော့ ရှေ့ခြေနှစ်ဖက်လုံး လေပေါ်မြှောက်နေတဲ့အတွက် တိုက်ပွဲအတွင်း ကျဆုံးတယ်လို့ မှတ်ယူရမလို ဖြစ်နေပါတယ်။

ဒါ့ကြောင့် ဒီအယူအဆတွေဟာ ရှေးက ဒဏ္ဍာရီတွေသာ ဖြစ်ပြီး ရုပ်တုပုံစံတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့မှတ်ယူလို့ရပါတယ်။

Tags:

Related Stories