ဒီအကြောင်းအရာကို အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းမှာ ဖေစ့်ဘွတ်ပေါ်မှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး စိုးရိမ်တကြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ‘ရန်ကုန် သတိပြုဖို့ပါ။ ငမိုးရိပ်တမံမှ ရေထိန်းတံခါး ၃၂ ခု အနက် ၁၆ ခု ဖွင့်ချလိုက်ကြောင်း သိရ။ လှည်းကူးဘက်များ နိုင်ချေရှိဟုဆို’ လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပြိး ငမိုးရိပ်တမံမှာလည်း ရေထိန်းတံခါး ၃၂ ခု ရှိမနေဘူးလို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ရှင်းလင်းဖော်ပြထားပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် ပြန်လည်ဖြေရှင်းထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ ကိုးခု၊ ရေဘေးကာကွယ်ရေးနှင့် ရေငန်တားတမံ ၄၉ ခုနဲ့ ရေထိန်းတံခါး ၁၆၀ ခု ရှိရာမှာ ငမိုးရိပ် ရေလှောင်တမံမှာ ရေထိန်းတံခါး ၆ ခု ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့်သာ ဝေးကွာတဲ့ ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြုံနေရပြီး မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရေနစ်မြုပ်မှု ဒဏ်ခံနေရတာလည်း ဖြစ်ပါတယ်။