HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တစ်နိုင်ငံလုံး ၆ လ အပစ်ရပ်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက တစ်နိုင်ငံလုံး ၆ လ အပစ်ရပ်ဖို့ ကြေငြာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 Jun 2024 9:25 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burma Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထွက်ပေါက်ရှာပြီ။ တစ်နိုင်ငံလုံး (၆) လ အပစ်ရပ်ဟုကြေငြာ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီက တစ်နိုင်ငံလုံး ၆ လ အပစ်ရပ်ဖို့ ကြေငြာတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Ayeyarwaddy Times မီဒီယာမှာ ဇွန်လ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ ‘မြန်မာစစ်ကောင်စီက ထွက်ပေါက်မဟာဗျူဟာတွေ စဉ်းစားနေရပြီ' ဆိုတဲ့ ဘာသာပြန်ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ ထိုင်းနိုင်ငံကို သက်ရောက်စေတဲ့ မရေမတွက်နိုင်သော နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကြောင့် မြန် မာ့အရေးဟာ ထိပ်တန်း ဉီးစားပေးတစ်ရပ်ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပေါင်ဆာက ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ရှင်းလင်းပွဲမှာ ပြောဆိုတဲ့အကြောင်းကို ရေးသားထားတာပါ။

ဒီသတင်းဆောင်းပါးထဲမှာ တစ်နိုင်ငံလုံး (၆) လ အပစ်ရပ်မယ်ဆိုတဲ့ အကြောင်းအရာ မပါပါဘူး။

Ayeyarwaddy Times မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories