HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးအသုံးချ တိုက်ခိုက်ထားတဲ့ သတင်းအမှား

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက မဲဆွယ်စည်ရုံးမှုတွေ ပြုလုပ်နေချိန် ဘာသာရေးအသုံးချကာ သတင်းအမှားဖြန့်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုတွေ မကြာခဏ တွေ့နေရပါတယ်။

By - Boom Live Myanmar | 29 Sept 2020 9:36 PM IST

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၆ နာရီ ၁၉ မိနစ်မှာ Square ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်အပေါ် ဘာသာရေးအသုံးချ တိုက်ခိုက်ထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "ဒေါ်စု ဘာ့ကြောင့်မိန်းမတွေတားမြစ်ထားတဲ့ ဘုရားတွေ လိုက်တက်သလည်း ဆိုတာလေးကိုပြောပြခြင်လို့ပါ" လို့ ဆိုကာအစချီ ရေးသားထားပါတယ်။

အဲ့ဒီ ပို့စ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာဝင် မဟုတ်ဘူးဆိုကာ အချက် (၅) ချက်နဲ့ အခုလို ရေးသားထားပါတယ်။

အဆိုပါအချက်ငါးချက်ကိုရေးသားထားရာမှာ "၁ အချက်က ဒေါ်စုဟာ ဗုဒ္ဓ ဘာသာမဟုတ်ဘူး။ ၂ အချက်က ဗုဒ္ဓနဲ့ ဗုဒ္ဓ ရဲ့သံသရာ လွတ်ကြောင်း တရားကို အယုံအကြည် မရှိဘူး။ ၃ အချက်က မြန်မာ့ယဉ်ကျေးမှု့ ထုံးတမ်းစဉ်လာတွေကို တန်ဘိုးမထားဘူး ရိုက်ချိုး ဖျက်ဆီးခြင် နေတဲ့သူ။ ၄ အချက်က ကမ္ဘာမှာ ရှိသမျှ ဘာသာတရားတွေ ဟာ အဆင့်အတူတူဘဲလို့ သတ်မှတ်ထားတဲ့ သူ။ ၅ အချက်က နိုင်ငံရေးပါး မဝ တဲ့သူ ဖြစ်တယ်" (မူရင်းရေးသားထားသည့်အတိုင်း)

အဲ့ဒီအချက် (၅) ချက်နဲ့ ရေးသားပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးပိုင်းဆိုင်ရာအရ ၎င်းရဲ့ ထင်မြင်ချက်တွေ ရေးသားထားပြီး မထောက်ခံကြဖို့ တိုက်တွန်းထားပါတယ်။ အဲ့ဒီ ပိုစ့်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ ဓါတ်ပုံတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။

အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Square ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၈၀၀ ကျော်ရှိနေပြီး Comment ရေးသားသူ ၄၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

Square ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်ဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ရွေးကောက်ပွဲကာလ လူထုထောက်ခံမှု ကျအောင် ဘာသာရေး အသုံးချပြီး ဝါဒ ဖြန့်ချီနေတာကို တွေ့ရပါတယ်။

ဒီလို ဘာသာရေး အသုံးချပြီး လှုံ့ဆော် ဖြန့်ဝေမှုတွေဟာ ရွေးကောက်ပွဲ မတိုင်မီကာလမှာ မကြာခဏတွေ့ရလေ့ရှိပြီး အဲ့လို ဖြန့်ချီသူတိုင်းဟာ ဖေ့စ်ဘွတ်အကောင့်တုနဲ့ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

အခုလို စွပ်စွဲရေးသား ဖြန့်ဝေချက်တွေနဲပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက အတွင်းရေးမှူး မုံရွာအောင်ရှင်က "အခုတင်တဲ့ ပိုစ့်တွေကတော့ ဒါ ထုံးစံအတိုင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာတရားအရ ပုံဖျက်တဲ့ သတင်းအမှားတွေ ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က တစ်သက်လုံး ငယ်ငယ်ထဲက အခုထိအောင် ဗုဒ္ဓဘာသာပဲ။ နောက်ပြီးတော့လည်း သူက နေ့စဉ် အမြဲတမ်း တရားထိုင်တယ်။ သူများအပေါ်မှာ မေတ္တာတရားထားတဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ နောက်တစ်ခုက သူ့အနေနဲ့ ဘယ်ဘာသာပဲ ဖြစ်ဖြစ် အရိုအသေ လေးစားမှုရှိတယ်။ အခု သူတို့ ဖြန့်ထားတဲ့ ပုံအတိုင်း ဆိုလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကပဲ ဘာသာပြောင်းသွားတာတို့ ဘာသာခြားတွေကို အလေးအနက်ထားတာတို့၊ ကိုယ်ဗုဒ္ဓဘာသာကို အလေးအနက် မထားဘူး ဆိုတဲ့ ပုံမျိုးတွေ ဖြစ်အောင် လုပ်တာပါ" လို့ ဆိုပါတယ်။

သတင်းအမှား ရေးသားဖြန့်ဝေသူက ၎င်းရဲ့ ပိုစ့်ထဲမှာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံဖို့ လည်း ထည့်သွင်းတိုက်တွန်းထားပါတယ်။ ဒီလို တိုက်တွန်းရေးသားမှုဟာ NLD ပါတီကို လူထု ထောက်ခံမှု ကျအောင်၊ ရွေးကောက်ပွဲ မှာ မဲကျဆင်းဖို့ ရည်ရွယ်ပြီး ရေးသားဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်လို့လည်း မုံရွာအောင်ရှင်က မှတ်ချက်ပေးရာမှာ "NLD ပါတီက လူထု ထောက်ခံမှုရော မဲ ကျသွားဖို့ရော မဖြစ်နိုင်ပါဘူး။ တော်တော်များများလည်း သိနေကြပါပြီ။ ဟိုတုန်းက မဘသတွေ အားကောင်းတုန်းကတောင်မှ ဘာမှ မဖြစ်တာပဲလေ။ အခုအချိန်ဆို ပိုပြီးတော့တောင်မှ ဘာမှ ဖြစ်စရာမရှိဘူးလို့ ပဲ ပြောချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Tags:

Related Stories